မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် အောက်တိုဘာ ၃ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် လာမည့်အောက်တိုဘာ ၂၃၊ ၂၆ ရက်များတွင် ရန်ကုန်မြို့၌ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲများကို လာမည့်အောက်တိုဘာ၂၃၊ ၂၆ ရက်၊ ညနေ(၄) နာရီအချိန်များတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် သမိုင်းတစ်လျှောက် ထိပ်တိုက်နှစ်ကြိမ် တွေ့ဆုံဖူးပြီး မြန်မာအမျိုးသမီးအသင်းက နှစ်ကြိမ်စလုံး အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာအတွင်းက ဟောင်ကောင်သို့ သွားရောက်၍ ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်း နှင့် FIFA အသိအမှတ်ပြု ခြေစမ်းပွဲကစားခဲ့ရာ (၃-၀) ဂိုးဖြင့် အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်(၁၉) ကြိမ်မြောက် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ထိုစဉ်က အုပ်စုတွင်း၌(၁-၀) ဂိုးဖြင့် အနိုင်ရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် ပြီးခဲ့သည့် ဇူလိုင်းအတွင်းက FIFA အသိအမှတ်ပြု ခြေစမ်းပွဲနှစ်ပွဲစီ ကစားထားကြသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်ဇူလိုင်အတွင်းက အိန္ဒိယအမျိုးသမီးအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ ပထမပွဲတွင်(၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲတွင်(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်ဇူလိုင်အတွင်းက အင်ဒိုနီးရှားအမျိုးသမီးအသင်းနှင့် ဟောင်ကောင်တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ပထမပွဲတွင်(၃-၂) ဂိုး၊ ဒုတိယပွဲတွင်(၄-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက နည်းပြချုပ်အဖြစ် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလမှစ၍ တာဝန်ယူကိုင်တွယ်နေသည်။
ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုလက်ထက်တွင် မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကာ အာရှအားကစားပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
