Top News

ကာလာဖီအိုရီ ထုတ်ပယ်ခံရမည်ကို စိုးရိမ်ခဲ့မိသည်ဟု အာတီတာ ထုတ်ဖော်ပြောကြား
24htopnews | September 30, 2024 6:12 PM CST

အာဆင်နယ်နည်းပြ အာတီတာက လက်စတာနှင့်ပွဲတွင် နောက်ခံလူ ကာလာဖီအိုရီ အနီကတ်ပြထုတ်ပယ်ခံရမည်ကို စိုးရိမ်ခဲ့မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ကာလာဖီအိုရီသည် ယင်းပွဲတွင် ပြိုင်ဘက် အာဂျင်တီးနားတိုက်စစ်ကစားသမား ဘူနာနော့တီကို တားဆီးရာတွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရနိုင်သည့် အလားအလာရှိခဲ့ခြင်းဖြစ်

သည်။

သို့သော် ကွင်းလယ်ဒိုင် ဆမ်ဘာရော့က ဒုတိယအကြိမ်ဖြစ်ရပ်တွင် ကာလာဖီအိုရီကို အဝါကတ်ပြသခြင်းမပြုခဲ့ပေ။

ထို့ကြောင့် ကာလာဖီအိုရီကိုယ်တိုင်က မိမိ ကံကောင်းခဲ့သည်ဟု ဝန်ခံခဲ့ကြောင်းလည်း သိရသည်။

အာတီတာကမူ '' ဖြစ်ရပ်ကို ကျွန်တော် ပြန်မကြည့်ခဲ့ရပါဘူး။ ဒါပေမဲ့ ပြစ်ဒဏ်ရှိပြီးသားဖြစ်တာကြောင့် ထုတ်ပယ်ခံရမှာကို စိုးရိမ်ခဲ့မိပါတယ်'' ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK