စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် ပေးဂိုးလုံးဝမရှိခဲ့ဘဲ မိနစ်အားဖြည့် (၅၄၀)ကျော် (နာကျင်အချိန်ပိုများထည့်ထွက်ခြင်းမရှိပါ) အထိရှိခဲ့ပြီး နိုင်ပွဲတစ်ပွဲအား ရမှတ် (၃)မှတ်ပေးသည့် ၁၉၉၄ ခုနှစ်နောက်ပိုင်းမှစတင်ရေတွက်ပါက နှစ်ပေါင်း (၃၀)ကျော်အတွင်း စီးရီးအေပြိုင်ပွဲ၏ စံချိန်မှတ်တမ်းသစ်ဖြစ်ခဲ့ကြောင်းသိရသည်။
အီတလီလူမျိုးနည်းပြ သီယာဂိုမော့တာ ကိုင်တွယ်နေသည့် ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆) ပွဲကစားပြီးချိန်တွင် (၃)ပွဲနိုင်၊ (၃) ပွဲသရေရလဒ်ရရှိထားပြီး ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားသလို၊ ပေးဂိုးလုံးဝမရှိခဲ့ဘဲ စီးရီးအေပြိုင်ပွဲသမိုင်း၏ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းသည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် နည်းပြဟောင်းဖြစ်သူ အယ်လီဂရီနှင့်လမ်းခွဲခဲ့ပြီး ယခုရာသီအစတွင်မှ ဘိုလော့ဂ်နာအသင်းနည်းပြဟောင်းဖြစ်သူ မော့တာအား အသင်း၏ နည်းပြသစ်အဖြစ် အစားထိုးခန့် အပ်ခဲ့ခြင်းဖြစ်သည်။
မော့တာသည် ဂျူဗင်တပ်စ်အသင်းနှင့် ပထမဆုံးခြေလှမ်းအစတွင်ပင် စံချိန်မှတ်တမ်းကောင်းများကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်း၏ တစ်ကျော့ပြန်စကူဒက်တိုချန်ပီယံဆုမျှော်လင့်ချက်မှာလည်း ပြန်လည်အားကောင်းလာခဲ့ပြီ ဖြစ်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။
သို့သော် ဂျူဗင်တပ်စ်အသင်းနည်းပြ မော့တာက လက်ရှိတွင် မိမိိတို့အသင်းအနေဖြင့် ချန်ပီယံဆုများအတွက် ပြောရန်စောလွန်းနေသေးကြောင်း၊ အင်တာမီလန်၊ အေစီမီလန်နှင့် နာပိုလီတို့မှာလည်း ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ ပြိုင်ဘက်ကောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျူဗင်တပ်စ်အသင်း၏ ချန်ပီယံဆုရေပန်းစားမှုမှာလည်း ရာသီမစမီကထက် (၄၀%)ကျော်ပိုမိုမြင့်တက်လာခဲ့ပြီး လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွင်လည်း နာပိုလီ (၁၃ မှတ်)နှင့် တစ်မှတ်အကွာ (၁၂) မှတ်ဖြင့် အဆင့် (၂)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်း၏ ယခုရာသီစွမ်းဆောင်မှုများ၊ အလားအလာများနှင့်ပတ်သက်ပြီး အသင်းနည်းပြ မော့တာက ''ဘရိုက်တန်နဲ့ပွဲဟာ ကျွန်တော်တို့အတွက် မလွယ်ကူတဲ့ပွဲစဉ်ပါ။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အဓိက ချီးကျူးရမှာဖြစ်ပြီး အဆုံးသတ်မှာတော့ ကျေနပ်စရာရလဒ်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ အသင်းရဲ့လက်ရှိ အခြေအနေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ နောက်ထပ်အခက်အခဲတွေကိုကျော်ဖြတ်ရဦးမှာဖြစ်ပြီး ကျွန်တော့်အနေနဲ့တော့ တစ်ဆင့်ချင်းရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပါတယ်'' ဟု ဂျီနိုအာအသင်းအား အနိုင်ရသော ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် လက်ရှိ ၂၀၂၄-၂၅ ရာသီတွင် (၅)ရာသီကြာဝေးကွာနေသည့် စကူဒက်တိုချန်ပီယံဆုဖလားအား တစ်ကျော့ပြန်လည်ရရှိရန် ဆန္ဒပြင်းပြနေပြီး ကစားသမားများအနေဖြင့်လည်း စကူဒက်တိုချန်ပီယံဆုအပါအဝင်၊ ဆုဖလားအောင်မြင်မှုများ ရရှိမှသာ ဆုကြေးငွေများ ခံစာခွင့်ရမည်ဖြစ်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
