ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ပရီးမီးယားလိဂ် ကစားသမားဟောင်း ပီတာခရော့ချ်နှင့် ဂျိုးကိုးလ်တို့က မန်စီးတီးအသင်းတွင် ရိုဒရီ မကစားနိုင်သည့် ဟာကွက်ကိုဖြည့်ဆည်းရန် လုံလောက်သည့် ကစားသမားအင်အား ရှိသည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
TNT Sports ၏ ပွဲကြိုတင်ဆက်မှုတွင် ပီတာခရော့ချ်က ''ရိုဒရီ မကစားနိုင်တာကိုဖြေရှင်းဖို့ မန်စီးတီးမှာ လုံလောက်တဲ့ကစားသမားအင်အားရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရိုဒရီက သူတို့အတွက် စစ်မှန်တဲ့ သော့ချက်ကစားသမားဖြစ်ပေမဲ့ အစားဝင်နိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။
ဂျိုးကိုးလ်ကလည်း ''ရိုဒရီကို ဆုံးရှုံးရတာက မန်စီးတီးကို သက်ရောက်မှုရှိစေမှာပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်တာကြောင့်ပါ။ သူက ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းရဲ့ အရေးအပါဆုံးကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာက ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေနိုင်မှာပါ။ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်မယ်လို့လည်း မထင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ရိုဒရီသည် အာဆင်နယ်နှင့်ပွဲတွင် ရရှိခဲ့သည့် ACL ဒဏ်ရာကြောင့် ယခုရာသီတွင် ပြန်ကစားနိုင်တော့မည်မဟုတ်ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
