ပိုင်နက်အငြင်းပွား ရေလမ်းကြောင်း တစ်ခုဖြစ်သော တောင်တရုတ်ပင်လယ်၌ မကြာသေးမီလများအတွင်း ဖိလစ်ပိုင်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင် တရုတ်ရေတပ်နှင့် လေတပ် တို့က တောင်တရုတ်ပင်လယ်ရှိ တင်းမာမှုများ ပေါက်ကွဲလုနီးပါးဖြစ်နေသော ကျောက်တန်း တစ်ခု၏ အနီးတစ်ဝိုက်တွင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်က ကင်းလှည့်လည်မှုများ ပြုလုပ်ခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်က အခိုင်အမာ ပြောဆိုထားကာ တောင်တရုတ်ပင်လယ်အား ၎င်းတို့လည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည်ဟူသော အရှေ့တောင်အာရှ နိုင်ငံအချို့၏ ပြောကြားချက်များကိုလည်း ပယ်ချခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်ထံမှ သိမ်းယူခဲ့သည့် စကားဘရိုသောင်ခုံတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်ကိုလည်း ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာဆိုထားသည်။ စက်တင်ဘာ ၂၈ ရက်တွင် အဆိုပါ သောင်ခုံအနီးတစ် ၀ိုက်တွင် ရေကြောင်းနှင့် လေကြောင်းမှ ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်စစ်တပ်၏ တောင်ပိုင်းစစ်ဒေသကြီးက ပြောကြားခဲ့သည်။
ကျောက်တန်းများနှင့် ကျောက်ဆောင်များ တြိဂံပုံသဏ္ဌာန် ဖွဲ့ယှက်နေသော အဆိုပါ ကျောက်တန်းသည် ဖိလစ်ပိုင်၏ လူဇုံကျွန်း မကြီး၏အနောက်ဘက်၊ ကီလိုမီတာ ၂၄၀ အကွာ၊ တရုတ်နိုင်ငံနှင့် အနီးဆုံး ပင်မကုန်း မြေထုဖြစ်သည့် ဟိုင်နန်ပြည်နယ်နှင့် ကီလိုမီတာ ၉၀၀ နီးပါး အကွာတွင် တည်ရှိသည်။
ထိုသောင်ခုံတစ်ဝိုက်တွင် ပြုလုပ်ခဲ့သည့် လေ့ကျင့်မှုအစီအစဉ်များထဲတွင် ကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်းနှင့် ဝေဟင်နှင့် ရေပြင်တို့မှ ကင်းလှည့်ခြင်းများ ပါဝင်ကြောင်း တရုတ်က ဆိုသည်။
“ဒေသတွင်းပြင်ပက နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ်မှာ ပြဿနာဖြစ်လာအောင် လှုံ့ဆော်နေပြီး ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေပါတယ်”ဟု တရုတ်စစ်တပ်၏ တောင်ပိုင်းစစ်ဒေသကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ဟွမ်ရန်ကျွန်းနဲ့ အဲဒီကျွန်းနဲ့ထိစပ်နေတဲ့ ရေပိုင်နက်ကို တရုတ်နိုင်ငံက အငြင်းပွားဖွယ်မရှိ အချုပ်အခြာအာဏာ ပိုင်ဆိုင်ပါတယ်”ဟု စကားဘရိုသောင်ခုံ၏ တရုတ်အမည်ကို သုံးနှုန်း၍ ထိုကြေညာချက်တွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်တွင် နိုင်ငံငါးနိုင်ငံပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ၎င်း၏ရေတပ်မှ ဖျက်သင်္ဘော ဆာဇာနမိလည်း အဆိုပါ စစ် ရေးလေ့ကျင့်မှုများတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။
အင်ဒို-ပစိဖိတ်ဒေသ ပွင့်လင်းလွတ်လပ်ရေးအတွက် အထောက်အကူပေးသည့်အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန် စုပေါင်းကတိကဝတ်ပြုမှုကို မဟာမိတ်များ နှင့် ပြုလုပ်ခဲ့သည့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများက ထင်ထင်ရှားရှား ပြသခဲ့ကြောင်း အမေရိကန်က ဆိုသည်။ သြစတြေးလျကလည်း ထိုုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြောင်း အတည်ပြုခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
