အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၈ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီပေးမှုသည် မယုံကြည်နိုင်လောက် သည့် အမှားအယွင်းဖြစ်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး အမေရိကန်သည် နျူကလီးယားအင်အား ကြီး ရုရှားကိုဆန့်ကျင်ကာ မီးနှင့်ကစားနေကြောင်း မြောက်ကိုရီးယားက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြား ခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၀ါရှင်တန်သို့ ရောက်ရှိလာသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ ခရီးစဉ်အတွင်း ယူကရိန်းကို တာဝေးပစ်လက်နက်များအပါအဝင် စစ်ရေးအကူအညီသစ်များ ပေးမည်ဟု ကြေညာခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံကမူ အမေရိကန်သည် ယူကရိန်း စစ်ပွဲကို အရှိန်မြင့်တက်စေရန် လုပ်ဆောင်နေပြီး ဥရောပကို နျူကလီးယားစစ်ပွဲဖြစ်လုနီး အခြေအနေသို့ တွန်းပို့နေသည်ဟု ပြောကြားခဲ့သည်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ လေးနက်တဲ့ သတိပေးချက်ကို လျှော့မတွက်သင့်ပါဘူး”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA မှ ဖော်ပြခဲ့ သည်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ နျူကလီးယားစူပါပါ၀ါဖြစ်တဲ့ ရုရှားကို ဆန့်ကျင်ပြီး မီးနဲ့ကစားနေတဲ့ သူတို့ရဲ့ မဆင်မခြင် လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်တွေကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိ လို့လား”ဟု ကင်ယိုဂျုံက မေးခွန်းထုတ်ခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံ၏ ထောက်ပံ့မှုရရှိထားသည့် နိုင်ငံသည် ရုရှားကို တိုက်ခိုက်မှုများပြုလုပ်မည်ဆိုပါက ထိုကဲ့သို့ တိုက်ခိုက်သည့်နိုင်ငံနှင့် ထောက်ပံ့ပေး ထားသည့် နိုင်ငံသည် ရုရှားကို ပူးပေါင်းတိုက်ခိုက်သည်ဟု ယူဆရမည်ဖြစ်ပြီး နျူကလီးယား လက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီအတွင်း နေရာတစ်နေရာရရှိထားသည့် ကင်ယိုဂျုံသည် နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စရပ်များတွင် မြောက်ကိုရီးယား၏ ရပ်တည်ချက်ကို ကင်ဂျုံအွန်၏ ခွင့်ပြုချက်ဖြင့် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။
မြောက်ကိုရီးယားနှင့် ရုရှားခေါင်းဆောင်များသည် နှစ်ကြိမ်တိုင် တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့ကာ အပြန်အလှန် ကာကွယ်ရေးကတိကဝတ်များအပါအဝင် ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆံဆက်မှုနှင့်ပတ်သက်ပြီး သဘောတူညီချက်များ ရရှိခဲ့မှုနှင့်အတူ ပြီးခဲ့သည့် နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် လက်နက်ခဲယမ်းသေတ္တာပေါင်း ၁၆၅၀၀ ထက်မနည်းကို ပို့ဆောင်ပေးခဲ့ကာ ရုရှားသည် မြောက်ကိုရီးယား၏ ဒုံးကျည်များဖြင့် ယူကရိန်းကို တိုက်ခိုက်နေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ စီးပွားရေးနှင့် နည်းပညာအကူအညီများ လက်ခံရရှိခဲ့သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲခဲ့သော်လည်း ရုရှားနှင့်မြောက်ကိုရီးယားတို့ ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
