လာလီဂါကလပ် ဆိုစီဒက်အသင်း၏ တိုက်စစ်ကစားသမားဖြစ်သူ ကူဘို(၂၃ နှစ်)သည် ဗလင်စီယာအသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရသည့် လာလီဂါပွဲစဉ်တွင်ပါဝင်ကစားခဲ့ပြီးနောက် ကစားသမားဘဝ လာလီဂါပွဲပေါင်း (၁၆၇) ပွဲပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသည့် ဂျပန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီတွင် (၄)နှစ်ကြာ (၂၀၁၁ မှ ၂၀၁၅) ကစားခဲ့ဖူးသည့် ကူဘိုသည် ၂၀၁၉ ခုနှစ်တွင် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ကာ စပိန်ဘောလုံးလောကနှင့် စတင်ထိတွေ့ခဲ့ပြီး မာယော့ကာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေး (အငှား) နှင့် ဆိုစီဒက်အစရှိသည့် စပိန်ကလပ်များတွင်သာ ကစားသမားဘဝဖြတ်သန်းခဲ့သူဖြစ်သည်။
ကူဘိုသည် အီဘာ၊ ဘက်တစ်နှင့် အလာဗတ်စ်အသင်းများတွင်ကစားခဲ့ဖူးသည့် ဂျပန်ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား အီနူအီ (၁၆၆ ပွဲ)၏စံချိန်ကိုကျော်ဖြတ်ကာ စံချိန်သစ်တင်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝ လာလီဂါ သွင်းဂိုး (၂၄)ဂိုးဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် ဂျပန်ကစားသမားအဖြစ်လည်း စံချိန်သစ်တင်ရှိနိုင်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
