ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်နှင့်အလတ်ချောင်းရပ်ကွက်တို့ရှိ ရပ်ကျေးရုံးများတွင် ယနေ့ စက်တင်ဘာ ၃၀ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
စက်ဆန်းရပ်ကွက်နှင့်အလတ်ချောင်းရပ်ကွက်တို့ရှိ ရပ်ကျေးရုံးများတွင် Smart Card များပြုလုပ်ပေးနေစဉ် ရေဘေးသင့်ဒေသများသို့ပို့ဆောင်ရန် အလှူခံရရှိထားသည့် ဆန်အိတ်တစ်လုံးနှင့်စက္ကူပုံးတစ်လုံးအတွင်းတို့မှ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စုံစမ်းသိရသလောက်ဆိုရင် ရေဘေးအတွက်ဆိုပြီးလာလှူထားတဲ့ ဆန်အိတ်နဲ့စက္ကူပုံးထဲမှာ မိုင်းထောင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူများတယ်။ ဒီဖြစ်စဉ်ကိုသုံးသပ်ရမယ်ဆိုရင် ရေဘေးဒုက္ခကြုံနေရတာကိုအခွင့်ကောင်းယူပြီး လှူမယ့်ပစ္စည်းတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေထည့်ပြီးတိုက်ခိုက်တာက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ပေါက်ကွဲမှုကြောင့် Smart Card ပြုလုပ်နေသည့် ယင်း ရပ်ကွက်များအတွင်းနေထိုင်သူ ၁၀ ဦးကျော်ခန့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင် ၅၀၀)သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
