ဒါကာ၊စက်တင်ဘာ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁,၂၂၁ ဦးအထိရှိခဲ့ကာ ယခုနှစ်အတွက် တစ်ရက်အတွင်းကူးစက်မှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခြင်မှ တဆင့် ကူးစက်သည့်ရောဂါဖြင့်ေ-သဆုံးသူမှာလည်း ရှစ်ဦးရှိခဲ့ပြီး ယခုနှစ်အတွက် ေ-သဆုံးသူသည် ၂၅၈ ဦးအထိတိုးလာခဲ့ကြောင်းပြောကြားခဲ့သည်။
ကူးစက်မှုအသစ်များကြောင့် ဘင်္ဂလားဒေ့ရှ်တစ်ခွင်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်သည် စုစုပေါင်း ၂၉,၇၈၆ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်းလည်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးအာဏာပိုင်များက ခြင်ပေါက်ဖွားမှုကိုစစ်ဆေးနှိမ်နင်းကာ ပိုးလောက်လန်းများနှင့် ခြင်ပေါက်ဖွားမှုဖြစ်စေနိုင်သည့်အကြောင်းအရာများကို လိုက်လံစိစစ်ဆောင်ရွက်နေသည်ဟုလည်းသိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခြင်မှကူးစက်သည့်ရောဂါအဖြစ်အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားပြီး နှစ်စဉ် ဇွန်လမှစက်တင်ဘာလအတွင်း ကျရောက်သည့်မုတ်သုန်ရာသီကာလများသည် ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသောရာသီဖြစ်သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
