ဒါကာ၊စက်တင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ်၌ လေထုသန့်စင်ရေးစီမံချက်ကို အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ၏ သဘာဝပတ်ဝန်းကျင်၊သစ်တော၊ရာသီဥတုပြောင်းလဲမှုနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာ အကြံပေး မစ္စ Syeda Rizwana Hasan ကမူ အဆိုပါစီမံချက်သည် လေထုအရည်အသွေးစီမံခန့်ခွဲမှုကောင်းမွန်စေရန်နှင့် အဓိကကဏ္ဍများမှ ဓါတ်ငွေ့ထုတ်လွှတ်မှု ကိုလျှော့ချနိုင်ရန် ရည်ရွယ်သည်ဟုလည်းပြောကြားခဲ့သည်။
အဆိုပါ စီမံချက်ကို အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်လေထုအရည်အသွေးစီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် သန့်ရှင်းသောစွမ်းအင်အသုံးပြုရေးအတွက် ထောက်ပံ့ငွေများကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မစ္စဆီဒါကမူ ယခုစီမံချက်အတွက် တောင်အာရှဆိုင်ရာကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်၏ဘင်္ဂလားဒေ့ရှ်နှင့်ဘူတန်နိုင်ငံဆိုင်ရာ ဒါရိုက်တာတို့နှင့်ပါတွေ့ဆုံခဲ့ကြောင်းလည်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးအတွင်း မစ္စဆီဒါက အမှိုက်စီမံခန့်ခွဲမှုနှင့်ဒါကာ၏တူးမြောင်းပြန်လည်ထူထောင်ရေးတွင် ကမ္ဘာ့ဘဏ်၏အကူအညီရရှိရန်လည်းတောင်းဆိုခဲ့သည်။
ထို့ပြင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုလာများကိုလျော့ပါးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်ချဉ်းကပ်မှုများကိုအလေးပေး၍ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အစိုးရ၏ခိုင်မာသောကတိကဝတ်ကိုလည်း အလေးပေးပြောကြားခဲ့သည်ဟုဆိုသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
