စုပေါင်းသမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်က ကူညီပေးသွားမည် ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအားတွေ့ဆုံစဉ် ပြောကြားမှုများအရ သိရသည်။
“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာမှာ စုပေါင်းသမဝါယမကို ဆောင်ရွက်တဲ့ စနစ်နဲ့ ဆောင်ရွက်မယ်ဆိုပါက ပိုမိုထိရောက်အကျိုးရှိနိုင်ပြီး နိုင်ငံတော်အနေနဲ့လည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်း ဖြစ်သည်။
မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၌ မိရိုးဖလာစိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ခရိုင်အတွင်း ဆန်ဖူလုံမှုနည်းပါးနေသဖြင့် တစ်ဧကချင်းအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံတော်အနေဖြင့်လည်း တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
” ဒေသတွင်းမှာ အခြေခံစားကုန်တွေဖူလုံမှုမရှိရင် ပြင်ပကနေဝယ်ယူစားသုံးရမှာဖြစ်တဲ့အတွက် ဒေသတွင်းကငွေတွေ ပြင်ပကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အထွက်နှုန်းပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရင် ဒေသတွင်းလည်ပတ်သုံးစွဲငွေတွေ ပိုမိုများပြားလာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
မိတ္ထီလာခရိုင်သည် ဝါ နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ထွက်ရှိသည့် ဒေသတစ်ခုဖြစ်သဖြင့် ဝါစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ခြင်း၊ နိုင်ငံ၏ချည်ထည်၊ အထည်အလိပ်လုပ်ငန်းများ၌ ဦးဆောင်ဒေသတစ်ခု၊ စံပြခရိုင်တစ်ခုအဖြစ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဟုလည်း ပြောသည်။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသတွင်း၌ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေနိုင်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရန် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးကြရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
