ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသည့် ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂)ခု ရှိပြီး စက်တင်ဘာ (၂၉) ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၉၀)ပေနှင့်
ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၁၀)ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ လျော့ကျလာလျက်ရှိကြောင်း သိရသည်။
အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦး စီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံ (၂၄၆) ခုအနက်မှ ကန်ရေပြည့် အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော် စီးဆင်းနေသည့်
ရေလှောင်တမံများမှာ ကရင် ပြည်နယ်တွင် (၁)ခု၊ ချင်းပြည်နယ်တွင် (၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်(၂)ခု၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၁) ခု၊ မကွေးတိုင်းဒေသကြီးတွင် (၁၁) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၄) ခု၊ နေပြည်တော်တွင် (၂)ခု၊ မွန်ပြည်နယ်တွင် (၂)ခု၊ ရခိုင်ပြည်နယ်တွင် (၁)ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၃) ခု၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် (၂) ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် (၁)ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၄) ခုဖြစ်ပြီး စုစုပေါင်း (၄၇) ခုရှိပြီး ယခင်နေ့ ရေကျော်ခဲ့သည့် ရေလှောင်တမံ (၅၀)ခုထက် (၃) ခု လျော့နည်းခြင်းဖြစ်သည်။
အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄) နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း၊ယင်းကြောင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
