ပြည်တွင်း ဒေါ်လာလဲလှယ်ရေး စျေးကွက်အတွင်း စက်တင်ဘာ (၂၇)ရက်၌ တဒေါ်လာ (၄၉၀၀)ကျပ် ဝန်းကျင်ရှိနေရာ မှ ယနေ့ စက်တင်ဘာ (၃၀) တွင် တဒေါ်လာ(၄၇၀၀) ဝန်းကျင်အထိ ရောက်ရှိလာကြောင်း သိရသည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌လည်း ဝယ်လိုအား ကျဆင်းလာခြင်းကြောင့်လည်း အရောင်းအဝယ်အေးနေကြောင်းလည်း စုံစမ်းသိရသည်။
“အခုစျေးလေးတွေ ကျလာတော့ အရမ်းမဆိုးတော့ဘဲ နည်းနည်း အသက်ရှုချောင်တယ်” ဟု နိုင်ငံခြားငွေ လဲလှယ်ကာ ကျောင်းစရိတ်ပို့နေရသည့် မိဘတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းတွင်လည်း အမေရိကန်ဒေါ်လာငွေလဲနှုန်းက ၄၇၀၀-၄၈၀၀ ဝန်း ကျင်တွင်ရှိနေပြီး ဗဟိုဘဏ်ပါဝင်သည့် FX Trading Platform တွင် စက်တင်ဘာ (၂၆) ရက်၌ ဒေါ်လာဈေး (၃၅၂၄) ကျပ်ဖြင့် အရောင်းအဝယ်လည်းရှိနေသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လည်း စက်တင်ဘာ (၂၅) ရက်၌ ငွေလဲနှုန်း (၃၅၂၄) ကျပ်ဖြင့် အမေရိကန်ဒေါ် လာ ၁၂.၈ သန်းကျော်ကို ထုတ်ရောင်းခဲ့ကာ ငွေလဲနှုန်း (၄၉၈.၂) ကျပ်ဖြင့် တရုတ်ယွမ် (၇) သိန်းကိုလည်း ရောင်းချပေးခဲ့သေးကာ စက်တင်ဘာ (၂၇) ရက်၌လည်း သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် (၅)သန်းနှင့် ထိုင်းဘတ် သန်း (၃၀)ရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
