ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံဘုရား အထွေထွေပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံလွှမ်းခြုံသော အစီအစဉ်(Master Plan)ရေးဆွဲရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။
ဘက်စုံလွှမ်းခြုံသော အစီအစဉ်(Master Plan)ရေးဆွဲရေးအတွက် ညှိနှိုင်း အစည်းအဝေးကိုလည်း စက်တင်ဘာလ (၂၉) ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဦးဆောင်၍ ပြုလုပ်ခဲ့သေးသည်။
ယင်းသို့ ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံ စေတီတော်ဝင်းအတွင်းရှိ ခေတ်အဆက်ဆက်အလှူရှင်များလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မူလအလှူရှင်များ ပြုပြင်နိုင်ခြင်းမရှိပါက ဂေါပကအဖွဲ့အနေဖြင့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည့်အပြင် ရွှေစည်းခုံစေတီတော်ကြီး တည်ထားခဲ့စဉ်ကတည်းက ခင်းထားသည့် သဲကျောက်ပြားများနှင့် ပျက်စီးမှုကို အစားထိုးထားသည့် စကျင်ကျောက်ပြားများကို အချိန်ယူပြန်ဖော် ပြီး စနစ်တကျထိန်းသိမ်းကာ ယခုပြုပြင်ခင်းထားသည့် စကျင် လျှောက်လမ်းနှင့် Level ညှိ၍ ဥပဓိရုပ်ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ယခုရေးဆွဲမည့် Master Plan ကို အမြန်ဆုံးရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ဘုရား ရင်ပြင်တော်ကိုလည်း ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုနှင့်အညီ ဆီလျော်တင့်တယ်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့သည်။
ရွှေစည်းခုံစေတီတော်ကြီးတွင် ရှေးဟောင်းလက်ရာ ကျန်ရှိမှုအဆင့်သည် Grade 1 ဖြစ်ပြီး ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိကျောက်စာတိုင်(၂)တိုင်၊ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်(Memory of the World–MoW) ဘုရင့်နောင်မ င်းတရားကြီး၏ ဘာသာသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းကြီးလည်းရှိသည့်အတွက် လေးဘက်လေးတန်ရှိ ကြေးကူတိုက်များသည် သမိုင်းအရ အရေးပါသည့် နေရာများဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
