ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာ၌ သတ်မှတ်ရက်ထက်ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရခြင်းကို စက်တင်ဘာလတစ်လတာအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့တွင် မြို့မီးလင်းရေးဦးဆောင်ကော်မတီက အသိပေးထားသည်။
ယခုလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေကြီးရေလျှံဖြစ်ပွားခြင်း၏ နောက်ဆက်တွဲများအဖြင့် မြေနိမ့်ပိုင်း ရပ်ကွက်နေရာအချို့တွင် ရွှံ့နွှံများနှင့်အပျက်အစီးများ ရှိနေဆဲဖြစ်ပြီး သွားရေးလာရေးအတွက်အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ဓာတ်အားသုံးစွဲသူများ ဓာတ်အားခ လာရောက်ပေးဆောင်ရာတွင် သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရှိရသည့်အတွက် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခင် လစဉ်(၂၅)ရက်နေ့ နောက်ဆုံးပေးသွင်းရန် သတ်မှတ်ချက်အား ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည့်အပြင် ဓာတ်အား ဖြတ်တောက်ခြင်းများကိုလည်း တစ်လတာအတွက် ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရသည်။
ထို ကင်းလွတ်ခွင့်ပေးခြင်းသည် စက်တင်ဘာ တစ်လတာအတွက်သာဖြစ်ပြီး၊ နောက်လများတွင် ယခင်သတ်မှတ်ရက်အတိုင်းသာ ပေးဆောင်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့မီးလင်းရေးဦး ဆောင်ကော်မတီက အသိပေးထားခြင်းလည်းဖြစ်သည်။
ပုံစာ-တာချီလိတ်မြို့အတွင်း ရှင်းလင်းရေးဆောင်ရွက်နေသည့်မြင်ကွင်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
