ယာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ပြတ်တောက်ခဲ့သည့် နေပြည်တော် – တပ်ကုန်း – ပင်လောင်း အဝေးဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်နေမှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒု-ဝန်ကြီးနှင့်အဖွဲ့က ကင်းသာလမ်းခွဲမှတဆင့် နေပြည်တော် – တပ်ကုန်း – ပင်လောင်း လမ်းတစ်လျှောက် ရေကြီးခြင်း၊ ရေတိုက်စားခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ပြတ်တောက်ခဲ့သည့် ဖိုင်ဘာကေဘယ်လ် ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးစဉ် သက်ဆိုင်ရာ ဖိုင်ဘာကေဘယ်လ်ပြုပြင်ရေးအဖွဲ့များက ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ပြုပြင်ပြီးစီးမှုနှင့် ဆက်လက်ပြုပြင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြောင်း သိရသည်။
ဒု-ဝန်ကြီးက နေပြည်တော် – တပ်ကုန်း – ပင်လောင်း ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့ ချိတ်ဆက်ထားသည့် ဆက်ကြောင်းဖြစ်သဖြင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ကျော်လွှား၍ အမြန်ပြန်လည်ကောင်းမွန်စေရေး ယာယီလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့ပြင် ပုံမှန်လမ်းကြောင်းဖြစ်စေရေး ဆက်လက်ပြုပြင်သွားရန်နှင့် ဆက်ကြောင်းအရည်အသွေး ကောင်းမွန်စေရေး စနစ်တကျစစ်ဆေးဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
