ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့အား သောက်သုံးရေ လုံလောက်စွာရရှိစေရေး ရေပေးဝေသည့် ရေအေးကန်ဆည် ကြံ့ခိုင်မှုရှိရန်နှင့် ရေစစ်ကန် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် စည်ပင်သာယာရေးဌာနမှ လိုအပ်သည့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ကလောမြို့တွင် ပြန်လည်ထူထောင်လုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများထဲမှ တစ်ခုအပါဝင်ဖြစ်သည့် ကလောမြို့ သောက်သုံးရေလုံလောက်စွာရရှိစေရေးအတွက် ရေပေးဝေသည့် ရေအေးကန်ဆည် တမံကြံ့ခိုင်မှုအခြေအနေများ၊ ရေစစ်ကန်ကောင်းမွန်စွာ လည်ပတ်နိုင်ရေး စည်ပင်သာယာရေးဌာနမှ Total Station တိုင်းတာ၍ ရေပိုက်လိုင်း Level Profile တိုင်းတာမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကလောချောင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရေနစ်မြုပ်ခဲ့သည့် ရပ်ကွက်၊ လမ်းများ၊ အများပြည်သူအပန်းဖြေအနားယူကြသည့် မောမြေဦးပန်းခြံတို့တွင် ရွှံ့နွံ၊ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးများ လုပ်ဆောင်နေကြကြောင်း သိရသည်။
ကလောချောင်းအား ရေကြီး၊ ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် နဂိုမူလအတိုင်း ပြန်လည်စီးဆင်းရေး နုန်းမြေ၊ အမှိုက်များဆည်ယူခြင်းတို့ကို စက်ယာဉ်ယန္တရားတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင် မြေပြို၊ တောင်ပြို၊ ရေကြီး၊ ရေလျှံမှုတို့ကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသော ကြောင့် လူေ-သဆုံးမှု ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကို ကြိုတင်မတွက်မိခဲ့ကြသည့်အတွက် ပြင်ဆင်မှုများ မလုပ်နိုင်ဘဲ အပြင်းအထန်ခံခဲ့ရခြင်းဖြစ်ရာ လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
