ပေကျင်း၊စက်တင်ဘာ ၃၀
နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိ-မ်လည်မှုဖြင့် သံသယရှိသော တရုတ်နိုင်ငံသား ၃၁၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့ကထုတ်ပြန်ခဲ့သည်။
ယခုဆောင်ရွက်မှုသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လည်မှုများကိုနှိမ်နင်းရန်ရည်ရွယ်ကာ တရုတ်နှင့်မြန်မာရဲများပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု၏ရလဒ်ပင်ဖြစ်သည်ဟုဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား ၅၅၇ ဦးတို့ပါဝင်သော နယ်စပ်ဖြတ်ကျော်ဆက်သွယ်ရေးလိ-မ်လည်သူများအဖြစ် သံသယရှိသူ ၈၇၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မတ်လကစ၍ တရုတ်နှင့်မြန်မာရဲတပ်ဖွဲ့တို့သည် မြန်မာနိုင်ငံမူဆယ်ဒေသတွင် ပထမဆုံးသော ပူးတွဲတရားဥပဒေစိုးမိုးရေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ တယ်လီကွန်းလိ-မ်လည်မှုသံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းလာကာ တရုတ်နိုင်ငံသားများပါ ပါဝင်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းနှင့် အွန်လိုင်းလိ-မ်လည်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပုံမှန်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။
တယ်လီကွန်းနှင့် အင်တာနက်လိ-မ်လည်မှု ရာဇ၀တ်မှုဆိုင်ရာ သံသယရှိသူ ၄၉,၀၀၀ ကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်းလည်း ဝန်ကြီးဌာနကမေလတွင်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
