ဘန်ကောက်၊စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံရှိ တရားမဝင်ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၂၅၉ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားဝင်စာရွက်စာတမ်းမရှိသည့်အတွက် ဖမ်းဆီးခံရပြီးနောက် ထိုင်းရှိ ကမ္ဘောဒီးယားသံရုံးသည် ဒေသဆိုင်ရာထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် နိုင်ငံခြားလုပ်သားများအနေဖြင့် နိုင်ငံတွင်းတရားဝင်စာရွက်စာတမ်းများဖြင့် လုပ်ကိုင်နေထိုင်စေရန်အတွက် ပိုက်စိပ်တိုက်ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ပြည်ပလုပ်သား ၂၅၆,၂၁၃ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီးထားကြောင်းသိရသည်။
ယခုဖမ်းဆီးစစ်ဆေးမှုများသည် ထိုင်းအာဏာပိုင်များ၏ နှစ်စဉ်ပြုလုပ်နေကျ ရက်ပေါင်း ၁၂၀ လှုပ်ရှားမှု၏ တစ်ခုအပါအဝင်ဖြစ်ပြီး ဖမ်းဆီးခံရသူ တရားမဝင်လုပ်သားများထဲတွင် မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့် ကျန်နိုင်ငံမှ တရားမဝင်လုပ်သားများကိုထိခိုက်စေခဲ့ကြောင်းလည်းသိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏အဆိုအရ ယခုဖမ်းဆီးထိန်းသိမ်းခံရသည့် ကမ္ဘောဒီးယားနိုင်ငံသား ၂၅၉ ဦးသည် ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင်အလုပ်လုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်ဟုလည်းသိရသည်။
ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံအလိုက်တရားမဝင်လုပ်သားအင်အားများမှာ မြန်မာလုပ်သား ၁၉၃,၄၃၀ ဦး၊ကမ္ဘောဒီးယား ၃၉,၇၃၆ ဦး၊လာအို ၁၅,၂၈၁ ဦး၊ဗီယက်နမ်မှ ၁၆၂ ဦးနှင့် ကျန်နိုင်ငံအသီးသီးမှ စုစုပေါင်း ၇,၆၀၄ ဦးရှိကြောင်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
