ဗီယန်ကျင်း၊စက်တင်ဘာ ၃၀
လာအိုနိုင်ငံမြောက်ပိုင်း လွမ်နမ်သာခရိုင်၌ ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်း ၅၀ ကျော် ယာယီပိတ်ထားရပြီး ဒေသခံ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ ၆,၀၀၀ နီးပါး သင်ကြားရေးကိုရပ်နားထားရကြောင်းသိရသည်။
လက်ရှိတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ကျောင်းများ၌ ဒေသခံအာဏာပိုင်များနှင့် စေတနာ့ဝန်ထမ်းများစုပေါင်းကာ စာသင်ကျောင်းများကိုသန့်ရှင်းရေးလုပ်ခြင်း၊ပျက်ဆီးသွားသောပစ္စည်းများအစားထိုးပြုပြင်ပြီးပြင်ဆင်နေကြကြောင်းသိရသည်။
လာအိုရှိပြည်နယ်အများအပြားသည်လည်း ယာဂီမုန်တိုင်းဒဏ်ခံခဲ့ရပြီး စက်တင်ဘာလအစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းကာ မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့သည့်အနက် လွမ်နမ်သာပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခဲ့သည့်ဒေသလည်းဖြစ်သည်။
မုန်တိုင်းဒဏ်ကြောင့် မြေနိမ့်ပိုင်းဒေသများတွင် မြစ်ချောင်းများရေပြည့်လျှံကာ ရေလွှမ်းမိုးမှုများလည်းဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းကြောင့် စာသင်ကျောင်းများသာမက နေအိမ်များ၊ဆေးရုံများ၊လမ်းများ၊ရေလှောင်ကန်များ၊ တံတားများနှင့်လယ်မြေများပါ ရေနစ်မြုပ်ကာ တိရစ္ဆာန်များလည်းဆုံးရှုံးခဲ့ရသည်ဟုသိရသည်။လာအိုမြို့တော် ဗီယင်ကျန်း၏ခရိုင်အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
တစ်ချိန်တည်းမှာပင် လာအိုနိုင်ငံမိုးလေဝသဗျူရိုမှ တာဝန်ရှိသူများကလည်း မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့်သတိထားနေထိုင်ရန်နှင့် နောက်ထပ်ရေကြီးမှုများအတွက် အဆင်သင့်ပြင်ဆင်ထားရန်လည်း ထပ်မံအကြံပြုထားသည်။
အထူးသဖြင့် မြစ်ကမ်းဘေးတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေတက်လာနိုင်သည့် အန္တရာယ်ကို အချိန်တိုင်းသတိရှိကြရန်လည်း မိုးလေဝသဌာနက သတိပေးထားသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
