ထိုင်းနိုင်ငံ တောင်ပိုင်း ချမ်ဖွန်ပြည်နယ်နှင့် ဘန်ကောက်မြို့တော် အပါအဝင် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသရှိ ပြည်နယ်အားလုံးတို့တွင် ကြာသပတေး(အောက်တိုဘာ ၃) ရက်အထိ မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းများ တိုက်ခတ်နိုင်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။
ရာသီဥတု မူမမှန်မှုကြာင့် ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပြည်နယ်များရှိ လက်အောက်ခံဌာနများကို ညွှန်ကြားထားသည်ဟု သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ချိုင်ဝပ် ဂျုလ်တီရာပေါင်က ပြောဆိုသည်။
တရုတ်နိုင်ငံဘက်တွင် ဖြစ်ပေါ်နေသော လေဖိအားကြီးရပ်ဝန်းသည် မြောက်၊ အရှေ့မြောက်နှင့် တောင်တရုတ်ပင်လယ်၏ အရှေ့ပိုင်းအစိတ်အပိုင်းများကို ရောက်ရှိနိုင်ကြောင်းနှင့် မြောက်ပိုင်း၊အရှေ့မြောက်ပိုင်းဒေသ အောက်ဖက်များနှင့် အလယ်ပိုင်းလွင်ပြင်တို့တွင် မုတ်သုံလေအားကောင်းနေကြောင်း မိုးလေဝသဌာန၏ သတင်းထုတ်ပြန်ချက်တွင် သူက သတိပေးခဲ့သည်။
တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ မိုးကြိုးမုန်တိုင်းများ၊ လေပြင်းမုန်တိုင်းများ ကျရောက်နိုင်သည့် ဒေသများကို မိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ် ကွန်ရာဗီး ဆစ်သီချီဗာပတ်က အသိပေး ထုတ်ပြန်ထားသည်။ သီတင်းပတ်အနှောင်းပိုင်းတွင် အရှေ့မြောက်ပိုင်းဒေသ၌ အပူချိန်သည် တစ်ဒီဂရီမှ သုံးဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းနိုင်သည်ဟုလည်း သူက ပြောဆိုသည်။
မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအများစု ပါဝင်သော နိုင်ငံရှိ ပြည်နယ် ၁၇ ပြည်နယ်တွင် ရေလွှမ်းမိုးမှုများဖြစ်နေခဲ့ပြီး မိသားစု ၄၀၀၀၀ ခန့် ရေဘေးသင့်ခဲ့သည်ဟု သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်နယ်အများစုတွင် ရေများပြန်ကျနေပြီဖြစ်သော်လည်း Phitsanulok နှင့် အယူဒ္ဓယတို့တွင် ရေလွှမ်းရေပြင် မြင့်တက်လျက်ရှိပြီး မဟာဆာရာခမ်ပြည်နယ်တွင်မူ ရေလွှမ်းမိုးမှုအခြေအနေ မပြောင်းမလဲတည်ရှိနေသည်ဟု ဆိုသည်။
သြဂုတ်လ ၁၆ ရက်မှစတင်ခဲ့သော ရေလွှမ်းမိုးမှုများကြောင့် ပြည်နယ် ၃၇ ခုတွင် ရေဘေးသင့် အိမ်ထောင်စု ၁၈၁၀၀၀ ရှိခဲ့ပြီး လူ ၄၉ ဦး ေ-သဆုံးခဲ့ကာ ၂၈ ဦး ဒဏ်ရာရခဲ့သည်ဟု ယင်းဌာနက ပြောဆိုသည်။
Ref; ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
