ရေကြီးရေလျှံမှုကြောင့် ရပ်နားထားရသည့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် ရာသီဥတုပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အတွက် ပုံမှန်အတိုင်းကုန်သွယ်မှုပြုလုပ်နေပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်ကားများသွားသည့်လမ်းကြောင်းတွင် မြေပြိုမှုဖြစ်ခြင်း၊ လမ်းများပျက်စီးနေခြင်း၊ ရေကြီးမှုတို့ကြောင့် ကုန်ကားများသွားမရဖြစ်နေကြောင်း၊ယခုအခါ နှစ်လနီးပါးရပ်တန့်နေသည့် ကုန်သွယ်ရေး လမ်းကြောင်းသည် ယခုရက်ပိုင်းမှစတင်ကာ ပုံမှန်အတိုင်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။
” အခုတော့ ဒေါနလမ်းဟောင်းကနေ သွားနေတယ်။ ရာသီဥတုကလည်း မိုးတွင်းပိုင်းလောက်ပဲ ဆိုးတာ။ အခုတော့ကောင်းနေပြီ။ ကုန်ကားတွေလည်း သွားနေပြီ။ အာရှလမ်းပိုင်းပြန်ဖွင့်ဖို့ ဆွေးနွေးနေတယ်လို့ကြားတယ်။ သေချာတော့မသိရသေးဘူး”ဟု မြဝတီနယ်စပ်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းကို အချိန်အတန်ကြာ သွားလာမှုပိတ်ပင်ထားသဖြင့် ထို့ကော်ကိုးလမ်းသို့ ခရီးသွားပြည်သူများ၊ ကုန်တင်ကားများ၊ ပြောင်းလဲအသုံးပြုနေရပြီး လမ်းခရီးကြမ်းတမ်းမှုအပြင် မိုးတွင်းကာလတွင် သွားလာရေးခက်ခဲကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် အလွတ်သဘောဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို တိုက်ပွဲများကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိပိတ်ထားခဲ့သည်မှာ ဆယ်လကြာမြင့်ပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
