ယာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၁၁၀၁၅၀၆ ဧကတွင် ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ၁၁၀၁၅၀၆ ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လှိုင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၉၉၂၀၅ ဧက ရေပြန်ပေါ်ခဲ့ရာ ရေကျဆင်းသွားသည့် လယ်ကွင်းများ၌ စက်တင်ဘာ (၂၅) ရက်အထိ မိုးစပါး ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရန်ကျန်ရှိသော လယ်ကွက်များ၌ အောက်တိုဘာလကုန်ပိုင်းအထိ အချိန်နှင့်တစ်ပြေးညီ ပြန်လည်စိုက်ပျိုးသွားနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
၂၀၂၄ -၂၀၂၅ ခုနှစ်တွင် ထိခိုက်ပျက်စီးခဲ့သော မိုးစပါးဧရိယာများ အပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ စိုက်ပျိုး ရေးကြီးကြပ်မှုအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ဆောင်ရွက်ထားသည့် အရန်ပျိုးပင်၊ အရန်မျိုးစပါးတို့ စီမံပေးခြင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သော ဧရိယာတို့တွင် အထွက်နှုန်း လျော့နည်းမှုမရှိစေရေး ဆောင်ရွက်မည့်နည်းလမ်းများအား နည်းပညာပေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
