ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုတောင်ကျေးရွာအုပ်စုမှ ရေဘေးသင့် ကျေးရွာ(၆)ရွာသို့ Malaysian Association Myanmar နှင့် မလေးရှား-မြန်မာ ကုန်သည်ကြီးများ၏ အသင်းဝင်များနှင့်အတူ ကမ္ဘောဇဘဏ်ဝန်ထမ်းများက ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၊ ဖုန်းဆိုတောင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာများဖြစ်သော သံလွင်ငူကျေးရွာ၊ ယင်းကထစ်ကျေးရွာ၊ တောင်ဇီးကျေးရွာ၊ ကျုံကောက်ကျေးရွာ၊ ဂရက်ကလှိုင်ကျေးရွာ၊ ကျောင်းရွာကျေးရွာများသို့ စက်တင်ဘာ (၂၉) ရက်တွင် ရေဘေးသင့်မိသားစု (၁၀၀) အတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ပဲ စသည်တို့ကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မိသားစု (၅၀၀) အတွက် အကိုက်အခဲပျောက်သောက်ဆေးနှင့် လိမ်းဆေး၊ အနာလိမ်းဆေး၊ အစာအိမ်ဆေးနှင့် BPI ဓာတ်ဆားအစရှိသည့် အိမ်သုံးဆေးဝါးများကိုလည်း My- Medicine မှ ဝယ်ယူ၍ ထပ်လောင်းပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူလော ကုတ္တရာမဟာစည် ဘုန်းကြီးကျောင်းမှ ရေဘေးသင့် အိမ်ထောင်စု (၂၅၀)နှင့် ရွှေလင်းယုန်ဘုန်းကြီးကျောင်းမှ ရေဘေးသင့် အိမ်ထောင်စု (၁၀၀)တို့အတွက် ဆန်၊ ငါးနီတူခြောက်ကြော်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ပုစွန်ဘာလချောင်ကြော်၊ ပုစွန်ခြောက်ငါးပိကြော်၊ အသင့်စား ချဉ်ပေါင်ကြော်ဘူး၊ ရေသန့်နှင့် အဝတ်အစားများကို စက်တင်ဘာ (၃၀) ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
