လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသများတွင် မြေပြင်စစ်ဆင်ရေးကို အကန့်အသတ်ဖြင့် စတင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က သတင်းထုတ်ပြန်ခဲ့သည်။
“IDF ဟာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့အညီ၊ အတိအကျ ထောက်လှမ်းရေးသတင်းတွေအပေါ် အခြေခံပြီး လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေနဲ့ အခြေခံအဆောက်အဦတွေကို ကန့်သတ်၊ ဒေသအလိုက် မြေပြင်စီးနင်းမှုတွေကို လွန်ခဲ့တဲ့ နာရီအနည်းငယ်က စတင်ခဲ့ပါတယ်။ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အစ္စရေးမြောက်ပိုင်းရှိ အစ္စရေးအသိုက်အဝန်းကို ခြိမ်းခြောက်မှုတွေဖြစ်စေတာကြောင့်ပါပဲ” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကြာသေးမီလများအတွင်းက စစ်ဦးစီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ချမှတ်ထားသော နည်းစနစ်အတိုင်း IDF တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပြင်ဆင်ပေးခဲ့ရာ၊ ယင်းလေ့ကျင့်မှုများအတိုင်း ယခုအခါ တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်းကိုလည်း IDF က အလေးပေး ပြောကြားခဲ့သည်။ “အစ္စရေးလေတပ်နှင့် IDF အမြောက်တပ်များသည် နယ်မြေအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိကျသောတိုက်ခိုက်မှုများဖြင့် မြေပြင်တပ်ဖွဲ့များကို ပံ့ပိုးကူညီနေကြသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဒီစစ်ဆင်ရေးတွေကို နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။ “မြောက်ပိုင်းမြှား” စစ်ဆင်ရေးဟာ အခြေအနေ အကဲဖြတ်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသနဲ့ တခြားနေရာတွေမှာလဲ ရည်မှန်းချက်တွေ အောင်မြင်ဖို့ တိုက်ခိုက်ရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ စစ်ပွဲအတွင်း အစ္စရေးနိုင်ငံသားတွေကို ခုခံကာကွယ်ဖို့နဲ့ အစ္စရေးမြောက်ပိုင်းက နိုင်ငံသားတွေကို သူတို့နေရပ်ပြန်ပို့ဖို့ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်” ဟု IDFက ဆိုသည်။
အစ္စရေးသည် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ကို တိုက်ခိုက်သည့် “မြောက်ပိုင်းမြှား”စစ်ဆင်ရေးကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့ပြီး ၎င်း၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ တိုက်ခိုက်မှုတစ်ခုတွင် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ သေဆုံးခဲ့သည်။ သူေ-သဆုံးမှုကို ဟစ်ဇ်ဘိုလာတို့က အတည်ပြုခဲ့ပြီး အစ္စရေးနှင့် ဆက်လက်ထိပ်တိုက်တွေ့သွားမည်ဟု ကတိပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
