
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား ပြည်တွင်း ပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးနေပြီး AHA Centre မှ ပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းများအား ထိုင်းနိုင်ငံမှတစ်ဆင့် သယ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်ဖွန်းမုန်တိုင်းရာဂိ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် AHA Centre မှ ပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းများအား ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၇ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Humanitarian Cargo Flight ဖြင့် ကုန်ပစ္စည်းတန်ချိန် ၅၅၆၀ kg ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါကယ်ဆယ်ရေးပစ္စည်းများ ရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေမြန်ဆန်စွာ ကူညီပို့ဆောင်ခြင်းနှင့် ပတ်သက်၍လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းက ဆက်လက်ကူညီသယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား ပြည်တွင်းပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးနေရာ စင်ကာပူနိုင်ငံမှ လှူဒါန်းသည့် အဝတ်ထည်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို စက်တင်ဘာ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် အခမဲ့သယ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ခရီးစဉ်အား Boeing 737-800 NG လေယာဉ်များဖြင့် နေ့စဉ်ပျံသန်းနေခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှစတင်ကာ နိုင်ငံတော်ပိုင်လေကြောင်းလိုင်းအဖြစ် ပျံသန်းခဲ့ရာ ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၇၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ ထာဝရဆေးပဒေသာပင် လှူဒါန်းခြင်း၊ မြန်မာအမျိုးသား လေကြောင်းဝန်ထမ်းများမှ အမျိုးသားသွေးလှူဘဏ်သို့ သွေးလှူဒါန်းခြင်း၊ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်များတွင် လိုက်ပါကြသည့် ခရီးသည်များကို လက်မှတ်များ ကံစမ်းမဲဖောက်ပေးခြင်း၊ ၇၆ နှစ်ပြည့် အမှတ်အသားပါသော ကိတ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းတို့ဖြင့် ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့များတွင် ပျံသန်းနေပြီးခရီးစဉ်တစ်ကြောင်းလျှင် ၂၃၅၀၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်