မော်လမြိုင်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော(၁၉၀)ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့စက်တင်ဘာ(၃၀)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်အစရှိသည်ဖြင့် ကျောင်းပေါင်း(၃၃၇)ကျောင်းမှ ရဟန်း၊ ရှင်သာမဏေ(၇ဝဝဝ)ကျော်နှင့် သီလရှင်(၁ဝဝဝ)ကျော်ခန့် ကြွရောက် အလှူခံကြောင်း သိရသည်။
နှစ်ရက်တာကျင်းပပြုလုပ်မည့် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပထမနေ့အဖြစ် စက်တင်ဘာလ (၃၀) ရက်နံနက် (၅) နာရီမှစတင်ကာ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ လောက မာရဇိန် ငွေဘုံသာဆုတောင်းပြည့်စေတီမှ ဇေယျာ(၂)လမ်း အတိုင်း မြောက်မှ အနောက်ဘက် မင်းလမ်းမတစ်လျှောက်၊ သာယာကုန်းဝတ်တော်ကြီးအထိ ဆရာတော်သံဃာတော်များ၊ ရဟန်းသာမဏေများနှင့် သီလရှင်များ အလှူခံကြွရောက်ခဲ့ကြပြီး၊ ထိုလမ်းတစ်လျှောက်တွင် မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ခံပြည်သူများမှ ဆွမ်းဆန်များ လောင်းလှူခဲ့ကြသည်။
“ဒီနှစ် မိုးလေးနည်းနည်းရွာပေမယ့် မိုးအုံ့နေတော့ ဆွမ်းခံကြွတဲ့ ဘုန်းတော်ကြီးတွေရော၊ ရဟန်းသံဃာတော်တွေ၊ ကိုရင်လေးတွေ၊ နောက် သီလရှင်တွေအတွက်က တော်တော်လေးကို အဆင်ပြေမှာပါ။ နှစ်စဉ် အခုလို ဆွမ်းဆန်စိမ်းအလှူလောင်းလှူခွင့်ရတဲ့အတွက်ကိုလည်း အရမ်းကို ပီတိဖြစ်မိပါတယ်” ဟု မော်လမြိုင်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ ဒုတိယနေ့ အဖြစ် အောက်တိုဘာလ (၁) ရက် နံနက်(၅) နာရီ အချိန်မှစတင်ကာ သာယာကုန်းဝတ်တော်ကြီးမှ အောက်လမ်းမကြီးအတိုင်း ကျောက်မီးသွေးရုံလမ်းဆုံမှ အရှေ့ဘက်ချိုးကွေ့၍ သီရိမြိုင်ရွှေလမ်းထိပ်မှ အတုလမာန်အောင်စေတီတော်အထိ ကြွရောက် အလှူခံမည်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
