နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၅၀၀၀ အောက်သို့ တဖြည်းဖြည်းကျဆင်းလျက်ရှိပြီး စက်တင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ ဝန်းကျင်သို့ ရောက်ရှိလာကာ တစ်လအတွင်း တစ်ဒေါ်လာ ကျပ် ၈၅၀ ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၄၉၀၀၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၄၈၂၀ ဝန်းကျင် ၊ စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၄၇၅၀ ရှိခဲ့ရာမှ စက်တင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၄၇၅၀ ဝန်းကျင် ရှိခဲ့သည်။
စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် စက်တင်ဘာ ၁ ရက်တွင် ကျပ် ၅၆၀၀၊ စက်တင်ဘာ ၂ ရက်တွင် ကျပ် ၅၆၅၀၊ စက်တင်ဘာ ၃ရက်တွင် ကျပ် ၅၆၇၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၅၇၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၅၆၀၀၊ စက်တင်ဘာ ၆ ရက်တွင် ကျပ် ၅၄၅၀၊စက်တင်ဘာ ၇ ရက်တွင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၈ ရက်တွင် ကျပ် ၅၁၅၀၊ စက်တင်ဘာ ၉ ရက်တွင် ကျပ် ၅၁၅၀၊ စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၅၃၅၀၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၅၃၅၀၊ စက်တင်ဘာ၁၂ ရက်တွင် ကျပ် ၅၃၅၀၊ စက်တင်ဘာ၁၃ ရက်တွင် ကျပ် ၅၂၅၀၊ စက်တင်ဘာ ၁၄ ရက်တွင် ကျပ် ၅၂၀၀၊ စက်တင်ဘာ၁၅ ရက်တွင် ကျပ် ၅၁၅၀၊ စက်တင်ဘာ ၁၆ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ ၁၇ ရက်တွင် ကျပ် ၅၂၀၀၊စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ၂၃ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ ၂၄ ရက်တွင် ကျပ် ၅၁၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် ကျပ် ၅၀၇၀၊စက်တင်ဘာ ၂၆ ရက်တွင် ကျပ် ၅ဝဝဝရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၄၉၀၀၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၄၈၂၀၊ စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၄၇၅၀၊ စက်တင်ဘာ၃ဝရက်တွင် ကျပ် ၄၇၅၀ ရှိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာတစ်လ အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အမြင့်ဆုံးမြင့်တက်ခဲ့မှုအနေဖြင့် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ သြဂုတ် ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဒေါ်လာစျေး အကျဘက်ကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၇၁၀၀ ဝန်းကျင်၊ နေ့လည်ပိုင်း တွင် ကျပ် ၇၀၀၀ နှင့် ညနေပိုင်းတွင် ကျပ် ၆၅၀၀ ဝန်းကျင်အထိ တစ်ရက်အတွင်း တစ် ဒေါ်လာလျှင် ကျပ် ၆၀၀ ဝန်းကျင်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကျပ် ၆၂၀၀- ၆၅၀၀ ဝန်းကျင်ရှိနေခဲ့ပြီး နေ့လည်ပိုင်းတွင် ကျပ် ၆၀၀၀-၆၃၀၀ ဝန်းကျင်အထိ ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သုံးရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
