လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးဒေသများကို အစ္စရေးတိုက်လေယာဉ်များက လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့သည်။
ရာဖစ်ဟာရီရီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရာလမ်းတစ်လျှောက်ရှိ Burj al-Barajneh ဒုက္ခသည်စခန်းတွင်ရှိနေသော သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ ပေါက်ကွဲသံများ ဆက်တိုက် ကျယ်လောင်စွာထွက်ပေါ်လာကြကြောင်း သိရသည်။
ဘေရွတ်မြို့ Haret Hreik နှင့် Laylaki ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ကြသူများအား မကြာမီမီးလောင်မည့် အဆောက်အဦများစွာမှ ထွက်ခွာရန် လိုအပ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြိုတင်သတိပေးခဲ့သည်။
လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာလှုပ်ရှားမှုကိုဆန့်ကျင်သည့် စစ်ဆင်ရေး၏ နောက်ထပ်အဆင့်ကို အစ္စရေး၏ နိုင်ငံရေးလုံခြုံရေးဝန်ကြီးအဖွဲ့မှ အတည်ပြုခဲ့ကြောင်း Ynet သတင်းတွင် ဖော်ပြခဲ့သည်။ ယင်းသတင်း၏ အဆိုအရ အဆိုပါ စစ်ဆင်ရေး ပတ်သက်၍ အမေရိကန် အရာရှိများထံမှ ပေါက်ကြားခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ဟု အစ္စရေးအစိုးရ ဝန်ကြီးများကဆိုကြောင်း သိရသည်။
လက်ဘနွန်တွင် အစ္စရေး၏ မြေပြင်စစ်ဆင်ရေးသည် ရက်ပေါင်းများစွာ ကြာနိုင်သည်ဟု သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း အစ္စရေး တာဝန်ရှိသူများက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မှတ်ချက်ပြုခြင်းမရှိပါ။
အစ္စရေးသည် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတိုကို တိုက်ခိုက်သည့် “မြောက်ပိုင်းမြှား”စစ်ဆင်ရေးကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့ပြီး ၎င်း၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ တိုက်ခိုက်မှုတစ်ခုတွင် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ေ-သဆုံးခဲ့သည်။ သူေ-သဆုံးမှုကို ဟစ်ဇ်ဘိုလာတိုက အတည်ပြုခဲ့ပြီး အစ္စရေးနှင့် ဆက်လက်ထိပ်တိုက်တွေ့သွားမည်ဟု ကတိပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
