မန္တလေးမြို၊ အောင်မြေသာစံမြိုနယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရားပွဲတော်သို ပွဲတော်မစမီယခုနှစ် ၂၀၂၄ ခုနှစ်တွင် ဘုရားဖူးလာသူများနှင့် ပွဲဈေးတန်းလျှောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
"နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပပါတယ်။ မန္တလေး လေးပြင်လေးရပ်မှ ဈေးသည်တွေရော ဘုရားဖူးပြည်သူတွေ ပွဲတော် မကျင်းပအချိန်ကနေ ရောက်ရှိနေကြပါတယ်။ မန္တလေးမြိုပေါ်မှာရှိနေတဲ့ ဘုရားတွေရဲ့ အားလုံးရဲ့ ဗုဒ္ဓပူဇာနိယပွဲတော် အကြာဆုံးက ဒီဘုရားကြီးပါပဲ။ ပွဲတော် မစမီမှာလည်း ပိုစည်တဲ့အတွက် အခုဆို စည်ကားနေပါတယ်။ ဇာတ်ပွဲတွေကတော့ မပါပါဘူး။ ပြီးခဲ့နှစ်ကနေ ဟိုအရင် ၁၅ နှစ် နှစ် ၂၀ တုန်း ကလို စည်သကဲ့သို စည်နေတာပါ ။ ပွဲတော်က ၁၀ ရက်လောက်လိုသေးပေမယ့် တိုးမပေါက်ပါဘူး" ဟု ဦးကျော်ဝင်း(ဥက္ကဌ)ကျောက်တော်ကြီးဘုရား ဂေါပက၏ ပြောပြချက်အရ သိရသည်။
"ညနေပိုင်းကနေ လူတွေအရမ်းစည်တာ။ တိုးမပေါက်ဘူး။ လူအရမ်းစည်လိုကို ဇွတ်တွေတိုးပြီး သွားနေကြတာ။ ခါးပိုက်နှိက်တွေကိုတော့ အထူးဂရုစိုက်သင့်ပါတယ်" ဟု ဈေးရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာ ဘုရား ၏ ၁၃၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းလောင်းပွဲကို မန္တလေးမြို လေးပြင်းလေးရပ်မှ ပင့်သံဃာတော် ၂၅၆၈ ပါး တိုအတွက် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (၂၀.၁၀.၂၀၂၄) နေ့တွင် ဆွမ်းသပိတ်လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းသပိတ်တစ်လုံးလျှင် ကျပ်လေးသောင်းဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဘုရားပွဲတော်သည် မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၊ ပ ဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား၊ နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုနိဘုရား တပြိုင်နက် စုပေါင်းကျင်းပသည့် ပွဲဖြစ်ကြောင်း သိရသည်။
ကျောက်တော်ကြီးဘုရားပွဲတော် အမှီပြုကာ လာရောက်ရောင်းချကြသည့် ၁၂ ပွဲဈေးသည်များ အများအပြား လာရောက် ရောင်းချနေကြပြီး၊ လာရောက်သူများသည်လည်း မောင်းနှင်လာသော ကားများ ဆိုင်ကယ်များကို အပ်နှံသည့်နေရာတွင် အပ်နှံပြီး လမ်းလျှောက်ကာ ကျောက်တော်ကြီးဘုရားသို သွားရောက် ဘုရားဖူးမြော်ခြင်းနှင့် ၁၂ ပွဲဈေးတန်းတွင် အစားအသောက်များဝယ်ယူစာသောက်ခြင်း၊ ပစ္စည်းများဝယ်ယူခြင်း၊ ဂိမ်းကစားခြင်း၊ ရဟတ်စီးခြင်းနှင့် တခြားဆော့ကစားစရာများဖြင့် စည်ကားနေခြင်းဖြစ်သည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရားသည် မတ္တရာအနီး စကျင်တောင်မှ တစ်လုံးတည်းသော ကျောက်သားကို ထုလုပ်ထားခြင်းဖြစ်ကြောင်း၊ အေဒီ ၁၈၆၄ ခုနှစ်တွင် စကျင်တောင်မှ မန္တလေးသို သယ်ယူစေခဲ့ကာ ၁၈၆၅ ခုနှစ် မေလ ၁၆ ရက် (မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၅ ရက်) တွင် မျက်နှာတော်ဖွင့် ပူဇော်ခဲ့သည်။ အလေးချိန် ၅၅၂၁၂၅၀ ပိဿာ (မန်းမြတ်ကျော်ဦး ကျော်မြတ်ထူး ထူးကိုယ်ပယ်ထုတ်ဂဏန်းလုပ်) ရှိပြီး ဂန္ဓကုဋိတိုက်မှာ ညောင်ရမ်းစော်ဘွားကြီး၏ ကောင်းမှုဖြစ်သည်။
ဓာတ်ပုံ-သက်ထွန်းအောင်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
