အားပြင်းတိုက်ဖွန်းမုန်တိုင်း ခရာသွန်သည် ကျွန်းဒေသ၏ လူဦးရေထူထပ်သော အနောက်တောင် ကမ်းရိုတန်းဆီ ချဉ်းကပ်လာသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူပေးရန်အတွက် ထိုင်ဝမ်က တပ်ဖွဲ့ဝင် ၄၀,၀၀၀ နီးပါးကို စုစည်းထားသည်။ ထို့အတူ ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်သည် မုန်တိုင်းကြောင့် သင်္ဘောကို စွန့်ခွာသွားခဲ့ကြသည့် သင်္ဘောသား ၁၉ ဦးကို လိုက်လံရှာဖွေနေသည်ဟု သိရသည်။
ထိုင်ဝမ်သည် တိုက်ဖွန်းမုန်တိုင်းများ ဝင်ရောက်မှုကို ပုံမှန်ကြုံတွေ့ရလေ့ရှိသော်လည်း ယေဘုယျအားဖြင့် တောင်တန်းဒေသများနှင့် ပစိဖိတ်သမုဒ္ဒရာနှင့် မျက်နှာချင်းဆိုင်ရှိ လူနေကျဲပါးသော အရှေ့ဘက်ကမ်းရိုးတန်း ကုန်တွင်းပိုင်းများသို့သာ မုန်တိုင်းများ တိုက်ခတ်မှုရှိခဲ့သည်။ သို့ရာတွင် လက်ရှိ မုန်တိုင်းမှာမူ ကျွန်းဒေသ၏ အနောက်ပိုင်း မြေပြန့်လွင်ပြင်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖို့ရှိနေခြင်းဖြစ်သည်။
ခရာသွန်သည် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် အဓိကဆိပ်ကမ်းမြို့ Kaohsiung ကို ဝင်ရောက်တိုက်ခတ်နိုင်ပြီး ယင်းနောက် ထိုင်ဝမ်အလယ်ပိုင်းကို ဖြတ်ကျော်ကာ အရှေ့မြောက်အရပ်သို့ ဦးတည်ရွေ့လျားကာ အရှေ့တရုတ်ပင်လယ်ပြင်ဆီ ဖြတ်ကျော်မည်ဟု ခန့်မှန်းထားကြောင်း ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးအဖွဲ့ က ပြောဆိုသည်။
ခရာသွန်ချဉ်းကပ်လာမှုကြောင့် လူဦးရေ ၂ ဒဿမ ၇ သန်းခန့်နေထိုင်ရာ Kaohsiung တွင် ရုံးပိတ်ရက် ကြေညာထားခဲ့ပြီး နေအိမ်အပြင်မထွက်ကြရန် မြို့ခံများကို တိုက်တွန်းထားသည်။ အဆင့် ၄ မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသည်ဟု ဆိုသည်။
မုန်တိုင်းသည် ၎င်း၏ အမြင့်ဆုံး လေတိုက်နှုန်းသို့ ရောက်ရှိနေပြီး ထိုင်ဝမ်သို့ ပိုမိုနီးကပ်လာချိန်တွင် အားအနည်းငယ် ပျော့သွားနိုင်ကြောင်းနှင့် အနောက်တောင်ပိုင်းဒေသတွင် လေတိုက်နှုန်း တစ်နာရီ ၉၃ မိုင်နှုန်းကျော်ဖြင့် တိုက်ခတ်နိုင်ကြောင်း ထိုင်ဝမ်၏ ဗဟိုမိုးလေဝသ စီမံခန့်ခွဲမှုအဖွဲ့မှ ပညာရှင် Li Meng-hsiang က သတိပေးခဲ့သည်။
Kaohsiung မြို့ခံများက ကိုယ်ထူကိုယ်ထ ပြင်ဆင်မှုများလုပ်ဆောင်နေသကဲ့သို့ မုန်တိုင်းအတွက် တပ်ဖွဲ့ဝင် ၃၈၀၀၀ ကျော်ကို အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
Ref: မလေးမေးလ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
