ဗီယန်ကျင်း၊အောက်တိုဘာ ၁
ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့်တောင်ကိုရီးယားတို့မှခေါင်းဆောင်များသည် လာအိုမြို့တော်ဗီယန်ကျင်း၌တွေ့ဆုံစုဝေးပြီး ရာသီဥတုပြောင်းလဲမှု၏ လူမှုရေးနှင့်စီးပွားရေးများအပေါ်သက်ရောက်မှုအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာများနှင့်အဖြေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
လေးနိုင်ငံမှခေါင်းဆောင်များသည် “Capacity Building Conference on Regional Collaboration for Climate Resilience: Strategies,Impacts,and Sectoral Approaches” ခေါင်းစဉ်ဖြင့် ယခုဖိုရမ်အားပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
ယခုတွေ့ဆုံဆွေးနွေးမှုသည် ကမ္ဘောဒီးယား၊လာအိုနှင့်ဗီယက်နမ်တို့အကြား ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာတာဝန်များကိုခွဲဝေမည်ဖြစ်ပြီး တောင်ကိုရီးယားမှကျွမ်းကျင်သူများ၏ မှတ်ချက်များကိုစုဆောင်းကာ အတွေ့အကြုံများကိုမျှဝေမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုများအနက် အပူချိန်မြင့်တက်လာခြင်းသည်အဆိုးဆုံးဖြစ်ပြီး အဆိုပါအချက်ကြောင့်ပင် မိုးရွာသွန်းမှုပုံစံများ၊ရာသီများကိုထိခိုက်စေပြီး ရာသီဥတုဖောက်ပြန်လာကာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး၊အခြေခံအဆောက်အဦ၊ကျန်းမာရေးနှင့်လူနေမှုပုံစံများကိုထိခိုက်စေခဲ့သည်။
ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ ရာသီဥတုပြောင်းလဲမှုလမ်းကြောင်းများနှင့် ၎င်းတို့၏ လူမှုစီးပွားအပေါ်သက်ရောက်မှုများ၊နိုင်ငံတော်အဆင့်ကိုင်တွယ်ဖြေရှင်းရေး မဟာဗျူဟာများ၊ကဏ္ဍအလိုက်ဖြေရှင်းချက်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လေ့လာမှုများပါဝင်သည်ဟုသိရှိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
