တီရန်၊အောက်တိုဘာ ၁
အီရန်သမ္မတက အနောက်နိုင်ငံများ၏ ပြင်းထန်သည့်ပိတ်ဆို့ဒဏ်ခတ်မှုများကို တွန်းလှန်နိုင်ရန်မှာ ရုရှားနှင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်ဟုသိရသည်။
အီရန်သမ္မတက တီရန်သို့အလည်အပတ်ရောက်ရှိနေသည့် ရုရှားဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ၌ ယခုလိုမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး ပူးတွဲပရောဂျက်များအားအကောင်အထည်ဖော်မှုကိုအရှိန်မြှင့်ရန် နှစ်ဘက်စလုံးကိုတိုက်တွန်းခဲ့သည်ဟုလည်းသိရသည်။
ရုရှားနှင့်အီရန်အကြား သံတမန်ရေးရာကိုယ်စားလှယ်များ ဖလှယ်ခြင်းသည် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို အထောက်အကူဖြစ်စေပြီး နိုင်ငံတကာမူဘောင်များအတွင်းမှပင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ရုရှားအနေဖြင့်လည်း အထူးသဖြင့် စွမ်းအင်၊စက်မှုလုပ်ငန်း၊လမ်းပမ်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ကျန်းမာရေး၊ကုသရေးနှင့်ယဉ်ကျေးမှုတို့၌ အီရန်နိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်ရန်ဆန္ဒရှိကြောင်းလည်း ရုရှားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
ရုရှားနှင့်အီရန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ကထပ်မံအလေးပေးပြောကြားခဲ့ပြီး အောက်တိုဘာလ၌ ရုရှားတွင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ အီရန်သမ္မတအားဖိတ်ကြားကာ မော်စကို – တီရန် ဘက်စုံမဟာဗျူဟာသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်းလည်းဆိုခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
