ရှမ်း/မြောက်အတွင်း အကြမ်းဖက်အဖြစ်ကြေညာထားသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)အခြေပြုရာ နေရာများကို တပ်မတော်ဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် မိုင်းရယ်နှင့် ဟိုယ ဒေသခံများ ကြိုတင်တိမ်းရှောင်မှုများ ရှိနေကြောင်း မိုင်းရယ်ဒေသခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သော စက်တင်ဘာလအတွင်းမှစတင်၍ တပ်မတော်မှ လေကြောင်း နှင့် မြေပြင် တန်ပြန်ထိုးစစ်များရှိလာကာ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် ဒေသခံများကြိုတင်တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်တို့ကတော့ ကြိုရှောင်နေပြီပေါ့။ မိုင်းရယ်မှာက တိုက်ပွဲတွေ ဖြစ်လာနေတော့ ဒေသခံတွေ ကြိုရှောင်ကြတာပါ။ အခု ကျွန်တော်တောင် ကြိုရှောင်ထားတာ မိုင်းရယ်မှာမဟုတ်တော့ဘူး။ မြို့အခြေအနေကတော့ ဖုန်းလိုင်းတွေလည်း မရဆိုတော့ အဆက်အသွယ်ပြတ်နေတယ်။ မသိတော့ဘူး။”ဟုမြို့ကို စွန့်ခွာ၍ ကြိုတင်စစ်ရှောင်နေသည့် ဒေသခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် တပ်မတော်ဘက်မှ လားရှိုးမြို့တွင်းရှိ အကြမ်းဖက်အဖွဲ့များအခြေပြုသည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများရှိနေပြီး၊ စက်တင်ဘာ (၃ဝ) ရက်နေ့အထိ (၁၀)ကြိမ်ထက်မနည်း တိုက်ခိုက်လာပြီ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
