ယနေ့ အောက်တိုဘာလ (၁) ရက်တွင် ဖွင့်လှစ်သည့် (၆၇) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီမှ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ကို ပေါက်မဲနံပါတ် (က-၆၇၁၈၄၀ )မှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျပ်သိန်း ၁၀၀၀ ဆုကို ပေါက်မဲနံပါတ်( ဂ – ၃၅၅၅ ၃၃ )မှ ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလတွင်ဈေးကွက်အတွင်းရောင်းချရသည့်ထီစာအုပ်အရေအတွက်သည်
(၅၅၂၂၇၆ )အုပ်ရောင်းရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
၆၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုထီအတွက် “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာ အထိ စုစုပေါင်းအက္ခရာ ၉ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းကို ခွဲဝေရောင်းချရာတွင် ထီစာအုပ် (၅၅၂၂၇၆) အုပ်အားရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထီလက်မှတ်များမှ ရောင်းရငွေမှာ ကျပ်သန်း (၅၅၂ ၂.၇၆၀) ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း(၃၈၆၅.၉၃၂) ဖြစ်သည်။
အဆိုပါ ၇၀ ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေကျပ်သန်း (၂၅၀၀၀၀) ကိုပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ပြီး ထီအမြင့်ဆုံးဆုကျပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၂၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ ဆုအပါအဝင် အခြားသောဆုမဲများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
