အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ရဝမ်ဒါနိုင်ငံတွင် မားဘတ်ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက်ရောဂါပျံ့နှံ့နေမှုကြောင့် ၎င်းဗိုင်းရပ်စ်ဖြင့်သေဆုံးသူများ၏ စျာပနများကျင်းပရာတွင် လူအရေအတွက်ကို ၅၀ အထက်မကျော်ရဟု တားမြစ်ချက်ထုတ်လိုက်သည်။
ရဝမ်ဒါ ကျန်းမာရေးဝန်ကြီးဌာန၏ လတ်တလောထုတ်ပြန်ချက်အရ နိုင်ငံတွင်း ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူကိုးဦးရှိနေပြီး အတည်ပြုလူနာက ၂၇ ဦးရှိလာသည်။
လူသေဆုံးနိုင်သည့်နှုန်း ၈၈ ရာခိုင်နှုန်းထိရှိသည့် မားဘတ်ဗိုင်းရပ်စ်သည် အီဘိုလာဗိုင်းရပ်စ်နှင့် ဗိုင်းရပ်စ်တစ်အုပ်စုတည်းဖြစ်ပြီး လင်းနို့များမှတဆင့် လူသို့ကူးစက်ကာ ရောဂါကူးစက်ခံရသူ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် ကိုင်တွယ်ထိတွေ့မိခြင်းမှ ဆက်လက်ကူးစက်နိုင်သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတိုက်ဖျက်ရန် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်စည်းကမ်းသစ်များ လူထုကိုသတိပေးထုတ်ပြန်ထားပြီး ၎င်းရောဂါဖြင့်သေဆုံးသူ၏ စျာပနတွင် လူ ၅၀ အထက်မစုဝေးရန် ၊ လက္ခဏာပြသူများနှင့် အနီးကပ်မနေရန် ၊ ဆေးရုံတက်ရောက်နေပါက ၁၄ ရက်အတွင်းဧည့်သည် နှင့်ပေးမတွေ့ရန် ၊ လူနာများအားလူနာစောင့်ရှောက်သူတစ်ဦးသာထားခွင့်ပြုရန်စသည့် အချက်များ ပါဝင်သည်။
သို့သော်ပုံမှန်လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် အခြားလုပ်ဆောင်မှုများ ယခင်အတိုင်း လည်ပတ်ဆောင်ရွက်နိုင်သည်ဟု စက်တင်ဘာ ၂၉ ရက်ညကထုတ်သည့် လမ်းညွှန်ချက်တွင်ဖော်ပြထားသည်။
မားဘတ်ဗိုင်းရပ်စ် ကူးစက်ခံရပါက ဖျားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း ၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းလက္ခဏာများ ပြလာတတ်ပြီးအချို့ ဖြစ်စဉ်များတွင် အလွန်အမင်းသွေးဆုံး ရှုံးမှုဖြစ်ကာ လူသေဆုံးသည်အထိဖြစ်တတ်သည်။
ရောဂါရှိသူ၏ခန္ဓာကိုယ်နေရာအစုံမှ သွေးထွက်တတ်ပြီးအချို့က နေမကောင်းဖြစ်ပြီး ရှစ်ရက်၊ ကိုးရက်အကြာတွင် သွေးဆုံးရှုံးမှုလွန်ကဲကာ သေဆုံးခြင်းကိုဆိုလိုသည်။
ရဝမ်ဒါကျန်းမာရေးဝန်ကြီးအဆိုအရ ရောဂါကူးစက်ထားသူများနှင့် ထိတွေ့မှုရှိခဲ့သည့် လူပေါင်း ၃၀၀ ခန့်ကို တာဝန်ရှိသူများက ခြေရာခံရှာဖွေလျက်ရှိသည်။ လူထုကို မကြာခဏလက်ဆေးသည့် တစ်ကိုယ်ရေသန့် ရှင်းရေး အလေ့အကျင့်မွေးကြရန်လည်း ကျန်းမာရေးအာဏာပိုင်များက ဆော်သြထားသည်။
လက်ရှိသေဆုံးသူအများစုက ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွင် အလုပ်လုပ်သည့် ကျန်းမာရေးဝန်ထမ်းများဖြစ်နေသည်။
ယခုမားဘတ်ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ရဝမ်ဒါနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အိမ်နီးချင်းတန်ဇနီးယားနိုင်ငံတွင်မူ ၂၀၂၃ ခုနှစ်က စတင်ဖြစ်လာကာ ယူဂန်ဒါနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ၎င်းဗိုင်းရပ်စ်ကြောင့် လူသုံးဦး သေဆုံးခဲ့သည်။
ယခုနောက်ပိုင်းနှစ်များတွင် အီကွေတို ရီရယ်ဂီနီ ၊ ဂါနာ ၊ ကင်ညာ ၊ တောင်အာဖရိက ၊ ဇင်ဘာဘွေ ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံများတွင်လည်း တွေ့လာရသည်။ ၂၀၀၅ ခုနှစ်က အန်ဂိုလာနိုင်ငံတွင် ၎င်းဗိုင်းရပ်စ်ပျံ့ခဲ့စဉ်က လူပေါင်း ၃၀၀ ကျော်အထိ သေဆုံးခဲ့သည်။
အာဖရိကနိုင်ငံများမှလွဲပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင်မူ အနှစ် ၄၀ အတွင်း မားဘတ်ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နှစ်ဦးသာရှိသေးသည်။တစ်ဦးက ဥရောပမှ ၊ နောက်တစ်ဦးက အမေရိကန်ပြည်ထောင်စုမှဖြစ်သည်။နှစ်ဦး စလုံးက ယူဂန်ဒါနိုင်ငံရှိ လိုဏ်ဂူများသို့ သွားရောက်စူးစမ်း လေ့လာထားသူများဖြစ်သည်။
လက်ရှှိတွင် မားဘတ်ဗိုင်းရပ်စ်အတွက် ကုသဆေးနှင့်ကာကွယ်ဆေးမပေါ်သေးဘဲ ဆေးစမ်းသပ်နေဆဲဖြစ်သည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
