ရှီဂဲရိုးအီရှီဘာသည် အောက်တိုဘာ ၁ ရက်တွင် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာခဲ့ရာအာဏာရပါတီ၏ ရေပန်းစားမှုကို မူလအတိုင်း ပြန်ဖြစ်လာအောင်ကြိုးပမ်းမည်ဖြစ်ပြီး လူဦးရေအကျပ်အတည်း၊ ထိုင်းမှိုင်းနေသော စီးပွားရေး၊ တရုတ်၏စစ်ရေးတည်ဆောက်မှုအ ပေါ်စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။
၎င်း၏လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)က အမတ်နေရာအများစု နေရာရရှိထားသော ဂျပန်ပါလီမန်သည် ရုပ်သံထုတ်လွှင့်ပေးခဲ့သောမဲခွဲမှုတွင် အသက် ၆၇ နှစ် အရွယ် အီရှီဘာကို ဝန်ကြီးချုပ်အဖြစ်ခန့် အပ်ရန် အတည်ပြုခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဟောင်း အီရှီဘာသည် နက်နဲသော လုံခြုံရေးမူဝါပညာကိုသိရှိထားသူအဖြစ် ထင်ရှားသူဖြစ်ပြီး LDP ပါတီ၏ခေါင်းဆောင်နေရာအတွက် အရွေးခံရာတွင် ခက်ခက်ခဲခဲပြိုင်ဆိုင်ခဲ့ရပြီး ပါတီခေါင်းဆောင်ဖြစ်လာသူဖြစ်သည်။ ၎င်းသည် ဂျပန်အစိုးရအဖွဲ့သစ်ကို ကြေညာမည်ဖြစ်ပြီး ပါတီတွင်း သဘောထားကွဲမှုများကို ကုစားရန်ကြိုးစားမည်ဖြစ်ကာ အောက်တိုဘာ ၂၇ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်လည်း ပြင်ဆင်မည်ဖြစ်သည်။
စစ်အင်အားမြှင့်တင်ရန်အီရှီဘာ၏ကြိုးပမ်းမှုနှင့် အာရှနေတိုးဖွဲ့စည်းရန် တောင်းဆိုမှုတို့က တရုတ်ကို ကျွဲမြီးတိုးစေနိုင်သည် ဆိုသော်လည်း၎င်းသည် တရုတ်နှင့်ပတ်သက်သောစကားများကို သတိထားပြောဆိုသူဖြစ်သည်။
“ကျွန်တော်ဟာ ဂျပန်ရဲ့နယ်မြေကို ကာကွယ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အာဏာရပါတီက ၎င်းကို ပါတီခေါင်းဆောင်အဖြစ် မဲခွဲရွေးချယ်ခဲ့ပြီးနောက် စက်တင်ဘာ ၂၇ ရက်တွင် ၎င်းကပြောကြားခဲ့သည်။
“ဂျပန်ဟာ မိမိရဲ့လက်တွေ့ကျတဲ့ တာဝန်ယူမှုကို ဖြည့်ဆည်းချင်ပါတယ်။ ဒီဒေသမှာ ငြိမ်းချမ်းရေးကို ဘယ်လိုဘယ်ပုံတည်ဆောက်ရမလဲဆိုတဲ့ကိစ္စကိုလည်း စတင်ဆွေးနွေးချင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ သည်။
တရုတ်နှင့်ရုရှားတို့ ဂျပန်လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ဂျပန်စစ်သင်္ဘောကလည်း လွန်ခဲ့သောသီတင်းပတ်တွင် ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့သည်။
အတိုင်းအတာတစ်ခုအထိ လူကြိုက်များသူဖြစ်သော်လည်း အီရှီဘာသည် LDP ပါတီကို ဦးဆောင်ခွင့်ရရှိရန် လေးကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၀၁၂ ခုနှစ်တွင် ပြိုင်ဘက် ရှင်ဇိုအာဘေးနှင့်ပြိုင်ခဲ့ရာ၌ ရှုံးနိမ်ခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းသည် ပြိုင်ဘက်ဖြစ်သော မျိုးချစ်တစ်ဦးကို အနိုင်ရပြီးပါတီ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
“အီရှီဘာဟာ ရှင်ဇိုအာဘေးလက်ထက်တုန်းက LDP ပါတီရဲ့မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာနဲ့အတူ ပါတီရဲ့သြဇာကြီးတဲ့သူတွေနဲ့ ကင်းကွာနေခဲ့တာကြာပါပြီ”ဟု တိုကျိုတက္ကသိုလ်ရှိ နိုင်ငံရေးပါမောက္ခ ယူအူချီယာမာက ပြောကြားခဲ့သည်။
ရန်ပုံငွေ အရှုပ်တော်ပုံကိစ္စနှင့်အခြားသောပြဿနာများနှင့်ပတ်သက်၍ မကြာသေးမီကပြောကြားခဲ့ရာတွင် အီရှီဘာက LDP အနေဖြင့်ပိုမိုတာဝန်ယူသောနည်းလမ်းဖြင့်လုပ်ဆောင်ရန် လိုအပ်နေပြီ ဟုပြောခဲ့ပြီး ဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီထူထောင်မည်ဟုဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
