ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာခင်ဦး (၂၁) ရပ်ကွက်၊ နတ်ရှင်နောင်လမ်းတွင် ဆိုလာမှတဆင့် နေအိမ် မီးလောင်မှု ဖြစ်ပွားရာ အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ (၁)ရက်၊ ညနေ (၄)နာရီ၊ မိနစ်(၂၀) အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၇)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ၊ ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာမှ တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ၊ မိနစ်(၄၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လေဖြတ်ဝေဒနာခံစားနေရသည့် အသက် (၄၀)ဝန်းကျင်အရွယ် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် (၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကာ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
