ယာဂီမုန်တိုင်း အရှိန်ကြောင့် နောက်ဆက်တွဲအနေဖြင့် ရေကြီးမြေပြိုမှုများဖြစ်ခဲ့ရသည့် ရှမ်းပြည်နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အလှူရှင်များက လှူဒါန်းထားသည့် လှူဒါန်းငွေ ကျပ်သိန်း ၁၉၃၃၀ ရရှိထားကြောင်း သိရသည်။
ယင်းလှူဒါန်းငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ လက်ခံလျက်ရှိရာ စက်တင်ဘာ (၃၀) ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြုလုပ်သည့်အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်၍လက်ခံရယူခဲ့သည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာဒေသများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင် စားသောက်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရကာ နိုင်ငံတစ်ဝန်း၌ ေ-သဆုံးသူ (၄၃၃) ဦးနှင့် ပျောက်ဆုံးသူ (၇၉) ဦးရှိပြီး အဆောက်အအုံ (၅၆၀၀)ကျော် ပျက်စီးခဲ့ကြောင်း စက်တင်ဘာ နောက်ဆုံးပတ်တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
