ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးနစ်မြုပ်မှုကြောင့် ရထားလမ်းပိုင်းများပျက်စီးကာ ရပ်နားခဲ့ရသော ရန်ကုန် – မန္တလေး ရထားများကို ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
အမှတ် (၁) အဆန်၊ အမှတ် (၂) အစုန် ရန်ကုန်-မန္တလေး စာပို့ရထား၊ အမှတ် (၁၁) အဆန်၊ (၁၂) အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတို့ကို လာမည့် အောက်တိုဘာ (၃) ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် လက်ရှိ၌ လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေး အထူးရထားပါဝင်မည် မဟုတ်သေးကြောင်း သိရသည်။
စက်တင်ဘာလလယ်ပိုင်းလောက်က ရေကြီးနစ်မြုပ်မှုများကြုံခဲ့ရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ကာ စက်တင်ဘာ (၂၁) ရက်မှစ၍ ရန်ကုန်နှင့် သာစည်ကြားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ရန်ကုန်-မန္တလေး ပြေးဆွဲနေသော အမှတ် (၁) အဆန်၊ (၂) အစုန် စာပို့ရထား၊ အမှတ် (၁၁) အဆန်၊ (၁၂) အစုန် လူစီးအမြန်ရထားများကို သာစည်ဘူတာအထိ ပြေးဆွဲနေလျ က်ရှိပြီး သာစည်နှင့် မန္တလေးကြားလမ်းပိုင်းကို ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်းကို ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သည့်အတွက် ရန်ကုန် -မန္တလေး ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည် စီးနင်းမှုများ အထိုက်အလျောက်အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
