စင်္ကာပူ၊အောက်တိုဘာ ၁
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ Biometric လူဝင်မှုကြီးကြပ်ရေးစနစ် ကို စတင်ကျင့်သုံးနေပြီဖြစ်ကာ အဆိုပါစနစ်သည် နိုင်ငံတွင်းဝင်ရောက်လာသူခရီးသည်များအတွက် သက်သောင့်သက်သာဖြစ်စေပြီး ပြည်အဝင်အထွက်များကို ပိုမိုနီးကပ်စွာစောင့်ကြည့်နိုင်စေကြောင်းသိရသည်။
စင်္ကာပူနိုင်ငံသားများနှင့် စင်္ကာပူ၌ ကာလရှည်နေထိုင်သူများသည် ပက်စပို့စ်ကို ထုတ်ပြအစစ်ဆေးခံရမည့်အစား အလိုအလျောက်စစ်ဆေးသည့်စက်များတွင် ၎င်းတို့၏ မျက်နှာကို စကင်န်ဖတ်လုံရုံဖြင့် လူဝင်မှုကြီးကြပ်ရေးကို အလွယ်တကူဖြတ်ကျော်နိုင်မည်ဟုလည်းသိရသည်။
အဆိုပါအလိုအလျောက်စက်များမှ ဒေတာအချက်အလက်များသည် စင်္ကာပူနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနနှင့်စစ်ဆေးရေးအာဏာပိုင်များထိန်းသိမ်းထားသည့် မျက်နှာနှင့်မျက်လုံးဇီဝဗေဒဆိုင်ရာ ဒေတာဘေ့စ်အတိုင်း နှိုင်းယှဉ်ထားခြင်းဖြစ်သည်။
ယခုစတင်လိုက်သည့်စနစ်သစ် ကို ချန်ဂီလေဆိပ်၏ Terminal 3 ဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဌာန၌ ဩဂုတ်လကတည်းက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ခရီးသွားများစောင့်ဆိုင်းရချိန် ၄၀ ရာခိုင်နှုန်းလောက်အထိလျော့ကျစေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
Biometric system လူဝင်မှုကြီးကြပ်ရေးစနစ်သည် ဝန်ထမ်းမလုံလောက်သည့် ကမ္ဘာတစ်ဝန်းမှ အခြားလေဆိပ်များအတွက်လည်း စံပြနမူနာတစ်ခုအဖြစ်ပြသနိုင်ခဲ့သည်ဟု စင်္ကာပူအာဏာပိုင်များကပြောကြားခဲ့သည်။
Source : နစ်ကေးအေးရှား
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
