နိုင်ငံတော်အဆင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့အောက်တိုဘာ (၁) ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယနေ့တွင် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့က ကောက်ယူခဲ့သည်ဟု သိရသည်။
သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာ၌ နစက ဥက္ကဋ္ဌမိသားစု၏ သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းဖြည့်စွက်ရာ နစက ဥက္ကဋ္ဌမှ ပြည့်ပြည့်စုံစုံဖြေကြားပေးခဲ့ကြောင်း သိရသည်။
အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ မိသားစုများ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းတို့ကိုလည်း ၎င်းတို့နေအိမ်များတွင် စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အရေးပါသည့် နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက ယနေ့ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ (၁၅)ရက် ကြာ ကောက်ယူသွားမည်ဖြစ်သည်။
ထိုသို့ ကောက်ယူရာ၌ စာရင်းအချက်အလက်များပိုမိုပြီးပြည့်စုံစေရန် သန်းခေါင်စာရင်းဆိုင် ရာမေးခွန်း(၆၈)ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကပြုလုပ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာ၌ မေးခွန်း(၄၁)ခုသာ မေးမြန်းခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူသူများသည် နံနက် ၇ နာရီမှည ၆ နာရီအတွင်း နေအိမ်များသို့ ကြိုတင်အကြောင်းကြား၍ လာရောက်စာရင်းကောက်ယူမည်ဖြစ်သည်။
ထိုသို့သန်းခေါင်စာရင်းကောက်ယူရာတွင် ထည့်သွင်းမကောက်ရမည့်သူများမှအပ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို ကောက်ယူမည်ဖြစ်ကာ သန်းခေါင်စာရင်းကောက်ယူချိန်တွင် ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည်မဟုတ်ဘဲ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေသည့် အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကာ မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း သိရသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
