ရေကြီးရေလျှံမှု (၂) ကြိမ်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက (၃၅၀၀၀) ကျော် ရေနစ်မြုပ်ခဲ့ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်မှ ဩဂုတ်လပထမအပတ်အတွင်း ကရင်ပြည်နယ်ဘားအံမြို့နယ်အပါအဝင် ဒေသအတော်များများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မိုးစပါးစိုက်ဧက (၁၃၁၄၆) ကျော် ရေနစ်မြုပ်ပျက်ဆီးခဲ့ကြောင်း နှင့် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်တင်ဘာလလယ်မှာ သံလွင်မြစ်ရေလျှံပြီးတော့ ဘားအံမြို့နယ်အပါအဝင် တခြားမြို့နယ်အတော်များများမှာ ဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားတဲ့အခါမှာ မိုးစပါးစိုက်ပျိုးထားတဲ့လယ်ဧကတွေက ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့အကြိမ်ကထက် ပိုပြီး ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ ပထမအကြိမ် ပျက်လို့ ပြန်စိုက်ထားတဲ့လယ်မြေတွေအကုန်ပြန်ပါသွားတယ်” ဟု ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုများကြောင့် မိုးစပါးစိုက်ပျိုးဧက (၃၅၃၉၁) ဧကကျော် ရေနစ်မြုပ်ပျက်ဆီးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
မိုးဆက်တိုက်ရွာသွန်းခြင်းနှင့် တောင်ကျရေစီးဝင်မှုများကြောင့် သံလွင်မြစ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံဒဏ်ခံခဲ့ရသည့်အပြင် မိုးစပါးအပါအဝင် အခြားသီးနှံပင်များလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
“သံလွင်မြစ်ကမ်းဘေးတလျှောက်မှရှိသမျှ စပါးစိုက်ထားတဲ့လယ်မြေတွေအကုန်ပျက်ဆီးကုန်တယ်။ အဲ့ဒီအပြင်ကို သီးပင်စားပင်တွေလည်း အကုန်ပျက်ဆီးတယ်။ သံလွင်မြစ်ထက်ဝေးတဲ့နေရာတွေမှာလောက်ဘဲ ထိခိုက်ပျက်ဆီးမှုကနည်းသွားတာ” ဟု ဘားအံမြို့နယ်မှတောင်သူတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၇) အုပ်စု၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စု တို့မှ ရေကြီးနစ်မြုပ်မှုများကြောင့် မိုးစပါးထိခိုက်ပျက်ဆီးခဲ့သည့် တောင်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစပါးတင် (၂၀၀၀) နှင့် ယူရီးယားဓါတ်မြေဩဇာ (၂၅၀) အိတ်တို့အား ထောက်ပံ့ပေးအပ်ထားကြောင်း နှင့် မျိုးစပါးတင်း (၁၀၀၀) ကိုလည်း ထပ်မံမှာယူထားကာ တောင်သူများအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ကရင်ပြည်နယ်အတွင်း ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဇူလိုင်လ (၂၈) ရက် နံနက် (၆) နာရီခွဲအချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာ ၏ အထက် (၉၅၁) စင်တီမီတာအထိရောက်ရှိခဲ့ပြီး၊ ယင်း (၉၅၁) စင်တီမီတာမှာ (၂၀၁၈) ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့က အမြင့်ဆုံးရောက်ရှိခဲ့သည့် ရေအမှတ်ဖြစ်သည့် (၉၃၈) စင်တီမီတာအား ကျော်လွန်ကာ စံချိန်သစ်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း စက်တင်ဘာလ (၁၃) ရက်နေ့ ည (၆) နာရီ (၃၀) မိနစ်အချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၅၄) စင်တီမီတာသို့ ကျော်လွန်ရောက်ရှိခဲ့သည့်အပြင် ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် (၆) နာရီ (၃၀) မိနစ်အချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၆၈) စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေအမှတ်မှာ ထပ်ဆင့်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
