၁၁ လတာကာလအတွင်း တရားမဝင်နိုင်ငံခြားသား ၅ သောင်းခွဲခန့်ကို ပြည်နှင်ခဲ့သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကိုတားဆီးနှိမ်နင်းရာ၌ သတင်းလက်ဦးမှုရယူဆောင်ရွက်နိုင်ရန် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ(Border Liaison Offices-BLOs)ကွန်ရက်စနစ်တည်ထောင်ထားကာ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ အပြန်အလှန် မျှဝေနိုင်ရေး မှာကြားသည်။
“၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံထဲသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး “Operation 39/24 (2024)” ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် မူးယစ်ဆေးဝါး (၃၈၃၂)မှု၊ တရားခံ (၅၂၈၆)ဦးနှင့် ငွေကျပ်(၇၅၀)ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ပြောသည်။
ထို့အတူ လူကုန်ကူးမှုများကိုထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ လူကုန်ကူးမှု(၂၇) မှုမှ တရားခံ အမျိုးသား(၃၀)ဦး၊ အမျိုးသမီး (၆၆)ဦး (စုစုပေါင်း ၉၆ ဦး)ကို အရေးယူနိုင်ခဲ့သည်ဟု ပြောသည်။
ယင်း ဖြစ်စဥ်များမှ လူကုန်ကူးခံရသူ အမျိုးသား (၅)ဦးနှင့်အမျိုးသမီး(၄၄)ဦး(စုစုပေါင်း ၄၉ ဦး) ကို ကယ်တင်နိုင်ခဲ့သဖြင့် ဒေသတွင်းလူကုန်ကူးမှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့နှင့်ပူးပေါင်းကာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
