စူပါတိုင်ဖွန်းမုန်တိုင်း ခရာသွန် ဝင်မလာမီ အောက်တိုဘာ ၁ ရက်တွင် ထိုင်ဝမ်က စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီး ထိုင်ဝမ်ကျွန်း၏တောင်ပိုင်းတွင် နေထိုင်သော ပြည်သူထောင်ပေါင်းများစွာကို ရွှေ့ ပြောင်းပေးခဲ့သည်။
ခရာသွန်းတိုင်ဖွန်းသည် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ထိုင်ဝမ်သမ္မတက သတိပေးခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရက စာသင်ကျောင်းများ ပိတ်ခိုင်းခြင်းနှင့် ကျွန်း၏တောင်ပိုင်းတွင် နေထိုင်သူများကို ရွှေ့ပြောင်းခြင်းတို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
တစ်နာရီ ၁၉၈ ကီလိုမီတာ(တစ်နာရီ ၁၂၃ မိုင်)နှုန်းရှိသော တစ်သမတ်တည်း တိုက်သောလေများဖြင့် ဟာရီကိန်းမုန်တိုင်း ပြင်းအားအဆင့်သုံးနှင့်ညီမျှသော ခရာသွန်းစူပါတိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ ၁ ရက်တွင် ဆိပ်ကမ်းမြို့ကြီးကောင်းရှန်းအနီး၌ ကုန်းတွင်းပိုင်းကို ဝင်ရောက်သည့်အခါ လေတိုက်နှုန်းသည် တစ်နာရီကို ၁၅၂ မိုင် ကျော်အထိရှိမည်ဟု ခန့်မှန်းထားသည်။
ထိုင်ဝမ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့ ရှိရုံးများနှင့်စာသင်ကျောင်းများကို ပိတ်ထားသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် အန္တရာယ်ရှိနိုင်သော နေရာများမှ လူ ၇,၇၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခရာသွန်းသည် ကြီးများသော ထိခိုက်ပျက်စီးမှုများကို ဧကန်မလွဲ ဖြစ်ပေါ်စေနိုင်သည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက သတိပေးပြောကြားခဲ့သည်။
“ခရာသွန်းရဲ့လမ်းကြောင်းဟာ ကြုံတောင့်ကြုံခဲပါပဲ။ တောင်ဘက်ကနေဝင်လာပြီး အရှေ့ဘက်ကနေ ထွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အထူးသဖြင့် နိုးနိုးကြားကြားရှိနေရမှာဖြစ်ပါတယ်”ဟု ၎င်း က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စစ်သား ၄၀,၀၀၀ နီးပါးကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသင့်ပြင်ထားသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။နိုင်ငံတကာနှင့်ပြည်တွင်းလေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းကုန်တွင်းကို ဝင်ရောက်မည့်နေရာဟု ခန့်မှန်းထားသော ကောင်းရှန်းတောင်ပိုင်းတွင် နယ်ခံများက အိတ်များထဲ သဲများဖြည့်ခြင်း၊ ရေကြီးမှုများကို ကာကွယ်ရန်နေအိမ်ဝန်းကျင်တွင် အကာအရံများ လုပ်ခြင်း၊ ပြတင်းပေါက်များကို တိတ်များဖြင့် ကပ်ထားခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
ကမ္ဘာလှည့်ခရီးသွားများအကြားထင်ရှားသော ဆီဇီဝမ်ပင်လယ်အော်၏အလှရှုခင်းနေရာတွင် ကင်းလှည့်နေသော ကမ်းခြေစောင့်တပ်၏အရာရှိများက ယင်းကမ်းခြေကို အားကောင်းသောလှိုင်းများ ရိုတ်ခတ် နိုင်သောကြောင့် ပြည်သူများကမ်းခြေနှင့် ဝေးရာတွင်နေကြရန် ပြောကြားထားသည်။
အသက် ၈၂ နှစ်အရွယ် အငြိမ်းစား အူရူယောင်ကမူ ၎င်း၏အိမ်၌ ပြင်ဆင်မှုများလုပ်ထားပြီး ရေကြီးမှုကို ကာကွယ်မည့်အတားအဆီးများချထားသည်ဟု ပြောကြားခဲ့သည်။
“ဒီတိုင်ဖွန်းဟာ အလွန်အားကောင်းမှာဖြစ်တာကြောင့် ကျွန်တော်တို့ တော်တော်လေးသတိထားဖို့ လိုအပ်ပါတယ်။ ဒီရေတွေ မြင့်တက်လာကတည်းက ကျွန်တော်တို့က ရေတားတွေကို ဖန်တီးထားပါတယ်”ဟု ၎င်းက ပြောကြားသည်။
“ထိုင်ဝမ်တစ်ကျွန်းလုံးအတွက် ကျွန်တော်တို့ဟာ ဒီတိုင်ဖွန်းကိုလျှော့တွက်လို့ မရနိုင်ပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ မုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ကောင်းရှန်းနှင့် မိုင် ၁၄၀ အကွာကို ရောက်နေသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
