ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီယွန်းက တစ်နှစ်လစာ ယူရို ၃၇ သန်းရရှိနေခြင်းနှင့် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရန် ငြင်းပယ်သည့်သတင်းများအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
နယ်သာလန်လက်ရွေးစင်ကစားသမား ဒီယွန်း (၂၇ နှစ်) သည် ဧပြီလအတွင်း ဘာနေဗျူးကွင်း၌ ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားသည့် El Clasico ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိပြီးကတည်းက အနားယူနေရခြင်း ဖြစ်သည်။
ယင်းဒဏ်ရာမှာ ပြီးခဲ့သည့်ရာသီတွင် ခြေချင်းဝတ်ကို တတိယအကြိမ် ထိခိုက်မိခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအပြင် ယခု ရာသီအစပွဲစဉ်များကိုပါ လွဲချော်ခဲ့ရသည်။
စက်တင်ဘာ ၂၉ ရက်က Barcelona One ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးအစီအစဉ်တွင် ၎င်းနှင့်ပတ်သက်၍ မကောင်းသတင်းများ ထွက်ပေါ်နေခြင်းအပေါ် ဒီယွန်းက ''စိတ်ပျက်စရာတွေဖြစ်နေတာကို ကျွန်တော်နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ပြန်လည်ထူထောင်ရေးကာလတစ်လျှောက်လုံး နှုတ်ဆိတ်နေဖို့ ကျွန်တော်က ရွေးချယ်ခဲ့လို့ပါ။ ဒါပေမဲ့ ကျွန်တော်က ခွဲစိတ်မှုမလုပ်ချင်တာ၊ ငွေတွေအများကြီး ယူရို ၃၇ သန်းရနေတာဆိုတဲ့ မမှန်ကန်တဲ့သတင်းတွေ ထွက်လာပါတယ်။ အဲဒီပမာဏက အများကြီးပါ။ ကျွန်တော် တကယ်ရနေတဲ့ပမာဏနဲ့ အဝေးကြီးပါပဲ။ အသင်းမှာရှိတဲ့သူအားလုံး၊ ဆရာဝန်တွေနဲ့ ကျွန်တော်ကိုယ်တိုင်က ခွဲစိတ်မှုဟာ အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူးဆိုတာကို သဘောတူထားပါတယ်။ အချိန်အကြာကြီး အခုလိုနေရတာက စိတ်ပျက်စရာပါပဲ'' ဟု ရှင်းလင်းပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
