မန်ယူအသင်းအနေဖြင့် စပါးအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် အဲရစ်တန်ဟက်ဂ်မှာ အလေးပေးမှုအမြင့်ဆုံးဖြင့် ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။
မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားရသော်လည်း ပွဲအစ သုံးမိနစ်မှာပင် ဘရန်နန်ဂျွန်ဆင်၏သွင်းဂိုး ခွင့်ပြုခဲ့ရသလို ၄၂ မိနစ်တွင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့သွားပြီး ၄၇ မိနစ်တွင် ကူလူဆက်ဗ်စကီးနှင့် ၇၇ မိနစ်တွင် ဆိုလန်ကီတို့၏သွင်းဂိုးများ ထပ်မံခွင့်ပြုခဲ့ရသည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြောက်ပွဲကစားပြီးနောက် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံးဖြင့် ရမှတ်ခုနစ်မှတ်သာ ရရှိထားသည်။
ထို့ပြင် ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း တွမ်တီးအသင်းကို အိမ်ကွင်း၌ အနိုင်မရဘဲ သရေကျထားသည်။
သို့ဖြစ်ရာ တန်ဟက်ဂ်အနေဖြင့် ယခုတစ်ပတ်ပွဲစဉ်မတိုင်မီ ထုတ်ပယ်ခံရနိုင်သည့် စာရင်းတွင် တတိယနေရာရပ်တည်နေရာမှ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
Sky Bet ၏ လောင်းကြေးထုတ်ပြန်မှုအရ တန်ဟက်ဂ်မှာ အလေးပေးမှု ၁/၂ ဖြင့် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေပြီး ဝုလ်ဗ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ၆/၁ ဖြင့် ဒုတိယ၊ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက် နှင့် လက်စတာအသင်းနည်းပြ စတိဗ်ကူးပါးက ၇/၁၊ ဆောက်သမ်တန်အသင်းနည်းပြ ရပ်ဆဲလ်မာတင်က ၈/၁ ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
သို့သော် ရာထူးမှထုတ်ပယ်ခံရရန် စိုးရိမ်ပူပန်မှုရှိသလားဟု မေးမြန်းမှုအပေါ် တန်ဟက်ဂ်က ''အဲဒီအကြောင်း ကျွန်တော် မစဉ်းစားထားပါဘူး။ ဆက်ရှိနေဖို့ ဆုံးဖြတ်ချက်ကို အသင်းပိုင်ရှင်တွေနဲ့ ဦးဆောင်မှုအဖွဲ့က နွေရာသီမှာ အတူတူဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ ဘာတွေတိုးတက်ဖို့လိုသလဲ၊ အသင်းကို ဘယ်လိုတည်ဆောက်ချင်တာလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သုံးသပ်ပြီးတော့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အဲဒါက အချိန်ယူရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အပြောင်းအရွှေ့စျေးကွက်မှာ ဘယ်လိုဖြစ်မလဲ။ အူဂါတေလိုမျိုး ကစားသမားတချို့က နောက်ကျပြီးမှရောက်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဖွဲ့အစည်းထဲမှာလည်း တိုးတက်မှုတချို့ရှိလာအောင် လုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ဆီမှာ ဒဏ်ရာပြဿနာတချို့ရှိနေသေးပြီး အချိန်တစ်ခုလိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးက စာမျက်နှာတစ်ခု ဒါမှမဟုတ် လှေတစ်စင်းပေါ်မှာ အတူရှိနေကြတာပါ။ အသင်းပိုင်ရှင်၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေလည်း အတူတူပါပဲ။ ကျွန်တော့်ဆီမှာ စိုးရိမ်စရာမရှိပါဘူး'' ဟု ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
