Top News

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတွင် အထောက်အကူပြုသည့် အမေရိကန်ပညာရှင်သုံးဦး စီးပွားရေးနိုဗယ်ဆု ပူးတွဲရရှိ
24htopnews | October 2, 2024 12:12 PM CST

ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများတွင် ဆန်းသစ်သော ပဏာမခြေ လှမ်းများအပါအဝင် ဆင်းရဲမွဲတေမှုအား တိုက်ဖျက်ရေးတွင် အထောက်အကူပြုမှုများ အတွက် အမေရိကန်ဘောဂပညာရှင်သုံးဦး သည် ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဗယ်ဆုကို အောက်တိုဘာ ၁၄ ရက်တွင် ပူးတွဲရွေးချယ်ခံရကြောင်း ဆွီဒင်သိပ္ပံအကယ် ဒမီက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဖွား အမေရိကန်နိုင်ငံသား  အဘီဂျစ်ဘန်နာဂျီ၊ ၎င်း၏ ဇနီးဖြစ်သူ ပြင် သစ်-အမေရိကန်ဖွား အက်စ်သာဒူဖလိုနှင့် အမေရိကန်နိုင်ငံသား မိုက်ကယ်ခရီမာတို့  သည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု သက် သာရာရစေရန် ၎င်းင်းတို့၏ လေ့လာနေဆဲဖြစ် သော ချဉ်းကပ်မှုအတွက် ဂုဏ်ပြုခံခဲ့ရခြင်း ဖြစ်ကြောင်း ဂျူရီအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုအား တိုက် ဖျက်ရန် အကောင်းဆုံးနည်းလမ်းများနှင့် ပတ်သက်၍ အခိုင်မာဆုံး အဖြေများ ရရှိနိုင် ရန် ချဉ်းကပ်နည်းသစ်ကို ယခုနှစ် ဆုရှင်များ က မိတ်ဆက်ခဲ့ကြောင်းလည်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။

ခက်ခဲသောအကြောင်းအရာများအား ပို၍ သေးငယ်သွားစေပြီး စီမံနိုင်စွမ်းရှိသော မေးခွန်းများအဖြစ် အသွင်ပြောင်းခြင်းဖြင့် ဆင်းရဲမွဲတေမှုအား တိုက်ဖျက်ရာတွင် ထိ ရောက်သောနည်းလမ်းများကို ၎င်းင်းတို့သုံးဦး က တွေ့ရှိခဲ့ကြကြောင်း၊ ထိုမေးခွန်းများကို လည်း မြေပြင်၌ ကွင်းဆင်းစမ်းသပ်မှုများမှ တစ်ဆင့် ဖြေရှင်းနိုင်ကြောင်း ဂျူရီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

သေးနုပ်သွားပြီး ပိုမိုတိကျသော မေးခွန်း များအား ဆင်းရဲမွဲတေမှုဒဏ် အဆိုးရွားဆုံး ခံစားနေရသူများအကြား ဂရုတစိုက် ဖန်တီး ထားသော စမ်းသပ်မှုများမှတစ်ဆင့် အမြဲလို လို ဖြေရှင်းနိုင်ခဲ့ကြောင်းကို ပညာရှင်သုံးဦး က ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆုရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၎င်းင်းတို့လေ့လာမှုများအနက် တစ်ခု၏ တိုက်ရိုက်ရလဒ်အဖြစ် အိန္ဒိယတွင် စာသင် ကျောင်းများ၌ ထိရောက်သော ပြန်လည်ကု စားရေးအစီအစဉ်များမှတစ်ဆင့် ကလေး ငါးသန်းကျော်သည် အကျိုးဖြစ်ထွန်းခဲ့ကြောင်း၊ နောက်ထပ် ဥပမာတစ်ခုမှာ နိုင်ငံအများအ ပြားတွင် ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်း မာရေးစောင့်ရှောက်မှုများအတွက် အစိုးရ က အများအပြား စိုက်ထုတ်သုံးစွဲပေးသည့် စနစ်ကို ကျင့်သုံးမှုဖြစ်ကြောင်း ဂျူရီအဖွဲ့က ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား၏ အကြံပေးဟောင်းတစ်ဦးဖြစ် သော ဒူဖလိုသည် စီးပွားရေးနိုဗယ်ဆုချီးမြှင့် မှု သက်တမ်းနှစ် ၅၀ အတွင်း ၂၀၀၉ ခုနှစ် တွင် အီလီနော်အော့စ်ထရမ်ပြီးလျှင် ထိုဆု အတွက် ရွေးချယ်ခံခဲ့ရသည့် ဒုတိယမြောက် အမျိုးသမီး ဖြစ်လာခဲ့သည်။ အသက် ၄၆ နှစ် ရှိပြီဖြစ်သော ဒူဖလိုသည် စီးပွားရေးနိုဗယ်ဆု ရရှိသည့် အသက်ငယ်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့သည်။

အသက် ၅၈ နှစ်ရှိ ဘန်နာဂျီနှင့် ဒူဖလို တို့သည် အမေရိကန်၏ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် မှ ပါမောက္ခ များဖြစ်ကြပြီး အသက် ၅၄ နှစ်ရှိ ခရီမာသည် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ် သည်။ ဘန်နာဂျီနှင့် ဒူဖလိုတို့သည် အလုပ် ခွင်သို့ လာရောက်ရန်အတွက် အမျိုးသမီး များအား မက်လုံးပေးခြင်း သို့မဟုတ် အမျိုး သမီးများအား လုပ်ပိုင်ခွင့်အာဏာပေးရန် လုပ်ဆောင်ခြင်းကဲ့သို့ သက်ရောက်မှုရှိသော မူဝါဒများကို ချိန်ဆရန်အတွက် အိန္ဒိယနှင့် အာဖရိကတို့၌ ဆင်းရဲသားများအား လေ့လာ ၍ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK