Top News

တူရကီနှင့်နယ်စပ်တွင် ဆီးရီးယားတပ်များ ချထားရန် ကာ့ဒ်များနှင့်ဒမတ်စကတ်တို့အကြား သဘောတူညီချက်ရရှိ
24htopnews | October 2, 2024 12:12 PM CST

အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခဲ့မှု ကြောင့် အကျပ်အတည်းကြုံနေရသော ကာ့ဒ်တပ်ဖွဲ့ဝင်များသည် ဒမတ်စကတ်နှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆီးရီးယားအစိုးရ တပ်များသည် အောက်တိုဘာ ၁၄ ရက်တွင် တူရကီနယ်စပ်မြို့သို့ ချီတက်လာခဲ့သည်။

ပြီးခဲ့သောခြောက်ရက်ခန့်က ထိုးစစ် စတင်ခဲ့ပြီးနောက်ပိုင်း တူရကီနှင့် ၎င်း၏ကိုယ်စားလှယ်တပ်ဖွဲ့များ၏ အဓိကပစ်မှတ်တစ်ခု ဖြစ်ခဲ့သော နယ်စပ်မြို့ Rasal-Ain မှ အလှမ်း မဝေးသည့် Tall Tamr မြို့အနောက်ဘက်တွင် ဆီးရီးယားတပ်များကို တပ်စွဲခဲ့ခြင်းဖြစ်သည်။ Tall Tamr သည် နယ်စပ်မှ ကီလိုမီ တာ ၃၀ (၁၈ မိုင်) ခန့်သာ ကွာဝေးသော်လည်း ထိုဧရိယာရှိ တပ်ဖွဲ့အချို့သည် လေးမိုင်အကွာ အထိ ချဉ်းကပ်နေကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်သည့်  အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားအစိုးရတပ်များသည် မန်ဘိချ် မြို့ဧရိယာများနှင့် အရှေ့ဘက်စွန်းရှိ နယ်စပ်မြို့ ကိုဘာနီတို့တွင် တပ်စွဲလိမ့်မည်ဟု မျှော်လင့်ကြောင်း အစိုးရနှင့်နီးစပ်သော သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။

တူရကီ၏ကျူးကျော်မှုအား ထိပ်တိုက်ရင်ဆိုင်ရန် ဆီးရီးယားစစ်တပ်သည် တပ်ဖွဲ့ဝင်များအား နိုင်ငံမြောက်ဘက်သို့ စေလွှတ်ခဲ့ကြောင်း ဆီးရီးယားအစိုးရသတင်းအေဂျင်စီ SANA က ဖော်ပြခဲ့ပြီးနောက် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် သဘော တူညီချက်ရရှိသည့် သတင်းထွက်လာခဲ့ခြင်း ဖြစ်သည်။ SDF အကြီးအကဲ Mazlum Abdi က အလျှော့ပေး ညှိနှိုင်းမှုနှင့် ၎င်း၏ပြည်သူများ လူမျိုးတုံး သတ်ဖြတ်ခံရမှုအနက် တစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် ပြည်သူများ၏ အသက်ကို သေချာပေါက် ရွေးချယ်သွားမည် ဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ အထိ ပင်တဂွန် ရုပ်သိမ်း စစ်ဘေးသင့် ဆီးရီးယားမှ အမေရိကန်၏ မြေပြင်တပ်ဖွဲ့ဝင် အားလုံးနီးပါးဖြစ်သော တပ်ဖွဲ့ဝင် ၁၀၀၀ အထိကို ဆီးရီးယားမြောက် ပိုင်းမှ ရုပ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့ကြောင်း ပင်တဂွန် က အောက်တိုဘာ ၁၃ တွင် ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားတွင် တူရကီ၏ ထိုးစစ်ဆင်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်လာခဲ့ပြီးနောက် ယင်းကဲ့သို့ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မက်အက်စ်ပါက ပြောကြားခဲ့သည်။ တူရကီတပ်များရှိသည့်နေရာ များမှနေ၍ အောက်တိုဘာ ၁၁ ရက်တွင်  အမြောက်များဖြင့် ပစ်ခတ်မှုကို အမေရိကန် တပ်များ ကြုံတွေ့ခဲ့ရကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ တပ်များအား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရုပ်သိမ်းမှုသည် IS စစ်သွေး ကြွများအား နှိမ်နင်းမှုတွင် ၀ါရှင်တန်အတွက် သစ္စာရှိသော မဟာမိတ်ဖြစ်သည့် ကာ့ဒ်များ ကို ထရန့်က ပစ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန်ပါတီနှစ်ရပ်စလုံးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ကာ့ဒ်များအား တူရကီ၏ထိုးစစ်ဆင်မှုသည် ခြောက်ရက်မြောက် ရှိလာချိန်တွင် တူရကီသမ္မတ အာဒိုဂန်က အမေရိကန်၏တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြိုဆိုခဲ့သည်။

တူရကီက ၎င်း၏ထိုးစစ်ဆင်မှုများအတွင်း အဓိကပစ်မှတ်နှစ်ခုဖြစ်သော TalAb-yad နှင့် Ras al-Ain မြို့များအား သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထိုမြို့များတွင် ကာ့ဒ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ကာ့ဒ်များသည် မန်ဘိချ်ကဲ့သို့ အခြား အဓိကကျသော မြို့အချို့မှ ဆုတ်ခွာပေးရန် လည်း အာဒိုဂန်က မျှော်လင့်ထားသည်။ ဆီး ရီးယားပြည်တွင်းစစ်ပဋိပက္ခတွင် ဒမတ်စကတ် အား အဓိကထောက်ပံ့သူဖြစ်သော ရုရှားသည် နောက်ထပ် အဓိကမြို့တစ်မြို့ဖြစ်သော ကိုဘာနီသို့ တူရကီ၏ ထိုးစစ်ဆင်မှုတွင် ဟန့်တားမှု မလုပ်ခဲ့ပေ။

တူရကီ၏ထိုးစစ်အား ရပ်တန့်ရန် မှော်အစွမ်း မရှိဟု ဥရောပသမဂ္ဂ ညည်းတွား ဆီးရီးယားမြောက်ပိုင်းတွင် ကာ့ဒ်တပ် ဖွဲ့များအား ထိုးစစ်ဆင်နေသည့် တူရကီကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာ ၁၄ ရက်တွင် ကန့်ကွက်ရှုတ်ချ ခဲ့ကြသော်လည်း ထိုးစစ်ဆင်မှုအား ရပ်တန့် ရန်အတွက် အဖွဲ့တွင်း၌ ပူးပေါင်းဆောင်ရွက် နိုင်ရန် ရွေးချယ်စရာများမှာ အကန့်အသတ် ရှိနေကြောင်း ညည်းတွားခဲ့သည်။

 ဂျာမနီနှင့် ပြင်သစ်တို့အပါအဝင် ဥရောပ နိုင်ငံအများအပြားက တူရကီအား လက်နက် တင်ပို့မှု သီးခြားစီ ပိတ်ပင်ထားကြပြီး အီတလီ ကလည်း တူရကီသို့ လက်နက်တင်ပို့မှုအား ဥရောပသမဂ္ဂက တရားဝင် ပိတ်ပင်ရန် တွန်း အားပေးနေသည်။

သို့သော် တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်နှင့် ယခင်ကတည်းက ဆက်ဆံရေး တင်းမာနေမှုကို ပိုမိုဆိုးရွားအောင် မလုပ် ဆောင်ကြရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အချို့က တိုက်တွန်းခဲ့ကြရာ လူဇင်ဘာတွင် ကျင်းပနေသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တင်းမာ၍ ခိုင်မာသော အရေးယူဆောင်ရွက်မှုများကို ချမှတ်နိုင်ဖွယ် မရှိပေ။


READ NEXT
Cancel OK