အင်အားပြင်းတိုင်ဖွန်း Hagibis ကြောင့် အောက်တိုဘာ ၁၄ ရက်တွင် သေဆုံးသူ ၆၀ နီးပါးရှိလာခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းထောင်ပေါင်းများစွာက အသက်ရှင်ကျန်သူများကို ရှာဖွေကယ်ဆယ်နေစဉ် မိုးများ ထပ်မံရွာသွန်းနိုင်မှုကြောင့် ကယ်ဆယ်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင် သည်။ Hagibis သည် အောက်တိုဘာ ၁၂ ရက်ညတွင် ဂျပန်သို့ ဝင်ရောက်ခဲ့ပြီး နိုင်ငံ၏ စီရင်စု ၄၇ ခုအနက် ၃၆ ခုတွင် လေပြင်းများ တိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ ရာ မြေပြိုမှုများနှင့် ဆိုးဆိုးရွားရွားရေလွှမ်း မိုးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ယခုအချိန်ထိ ဘေးအန္တရာယ်သင့် ဒေသများတွင် လူအများအပြားသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်ရေးသမား များသည် အသက်ရှင်ကျန်သူများအား ရှာဖွေကယ်ဆယ်မှုကို နေ့ရောညပါ အကောင်း ဆုံးကြိုးစားနေကြကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၄ ရက် မွန်းလွဲနှောင်း ပိုင်းတွင် သေဆုံးသူအရေအတွက်သည် ၆၀ နီးပါးထိ မြင့်တက်လာခဲ့ပြီး ၁၅ ဦး ပျောက် ဆုံးနေကာ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရ ရုပ်သံ NHK က ထုတ်ပြန်ခဲ့သည်။ ထိုသေဆုံးသူများထဲတွင် ရေလွှမ်းခံခဲ့ရသော ကားထဲမှ မြူနီစီပယ်လုပ်သားတစ်ဦး၊ အောက်တိုဘာ ၁၂ ရက်ညတွင် Tokyo Bay ၌ နစ်မြုပ်ခဲ့သော ကုန်တင်သင်္ဘောတစ်စင်းမှ ဝန်ထမ်းခုနစ်ဦးထက်မနည်းတို့ ပါဝင်ခဲ့သည်။ ထိုသင်္ဘောမှ တရုတ်၊ မြန်မာနှင့် ဗီယက်နမ်တို့မှ အခြားလေးဦးတို့ကို ကယ်တင် နိုင်ခဲ့ပြီး နောက်ဆုံးတစ်ဦးကို ရှာဖွေနေဆဲ ဖြစ်ကြောင်း ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
တိုကျိုဧရိယာသို့ ဝင်ရောက်ခဲ့သမျှ မုန် တိုင်းများထဲတွင် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့သည့် Hagibis သည် တစ်နာရီလျှင် လေပြင်းတိုက်ခတ်နှုန်း ၂၁၆ ကီလိုမီတာ (၁၃၄ မိုင်) အထိ ရှိခဲ့ပြီး မိုးသည်းထန်မှုကြောင့် ထိခိုက်ပျက်စီးမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းမှမြစ်များ ပါဝင်သော စုစုပေါင်းမြစ် ၁၄၂ စင်းတွင် ရေလွှမ်းခဲ့ပြီး နေရာနှစ်ဒါဇင်တွင် မြစ်ကမ်းပါ:များ ပြိုခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၄ ရက်တွင် ရေ တဖြည်းဖြည်း ကျနေစဉ် လူ ၂၀၀ ခန့် ပိတ်မိနေခဲ့သည့် နိုင်ငံအလယ်ပိုင်း နာဂါနိုဆေးရုံ မှ လူနာများအား လူနာတင်ယာဉ်များဖြင့် ရွှေ့ပြောင်းနေမှုကို ရုပ်သံများက ထုတ်လွှင့် ခဲ့သည်။ အခြားနေရာများတွင် ကယ်ဆယ်ရေးများသည် အိမ်ခေါင်မိုးများနှင့် လသာဆောင်များမှ အသက်ရှင်ကျန်နေသူများကို ရဟတ်ယာဉ်များဖြင့် ကယ်တင်ခဲ့ပြီး ပိတ်မိ နေသူများထံ လှေများသုံး၍ သွားရောက် ကယ်တင်ခဲ့ကြသည်။
အောက်တိုဘာ ၁၄ ရက် မွန်းလွဲတွင် အိမ်ထောင်စု ၇၅၉၀၀ စုသည် လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ပြီး လူ ၁၂၀၀၀၀ သည် ရေပြတ်လပ်နေခဲ့သည်။ မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာသည် ယာယီခိုလှုံစရာ များတွင် နေထိုင်နေရသည်။ Hagibis ကြောင့် အားလပ်ရက်သီတင်းပတ်ကုန်၌ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး လေကြောင်းခရီးစဉ်များနှင့် ရထားပို့ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
